Mistine မှ မြန်မာနိုင်ငံရှိ အရောင်းကိုယ်စားလှယ်တွေအတွက် Thank You Party နဲ့ ဂုဏ်ပြုဆုများချီးမြှင့်

4

Thiri Cosmetic Co Ltd ကဖြန့်ဖြူးရောင်းချတဲ့ Mistine အမှတ်တံဆိပ်မှ ၂၀၁၃ ခုနှစ်အတွင်းရောင်းချပေးခဲ့တဲ့ မြန်မာနိုင်ငံရှိ အမြို့မြို့အနယ်နယ်တိုင်းမှာရှိတဲ့ အရောင်းကိုယ်စားလှယ်ကြီးတွေအတွက် ကျေးဇူးတင် ဂုဏ်ပြုပွဲ  အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။

အခမ်းနားမှာ Mistine အလှကုန်ပစ္စည်းရဲ့ General Manager က “ ကျွန်မတို့ရဲ့ ညစာစားပွဲလေးကို တက်ရောက်ပေးကြတဲ့ စာနယ်ဇင်းမီဒီယာများနဲ့ အရောင်းကိုယ်စားလှယ်ကြီးတွေကို အထူးကျေးဇူး တင်ပါတယ်။ ဒီနှစ်ဟာဆိုရင် Mistine အနေနဲ့ မြန်မာနိုင်ငံကိုရောက်ရှိတာ ၁၂ နှစ်ပြည့်တဲ့နှစ်လည်းဖြစ် ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း အရောင်းကိုယ်စားလှယ်တော်ကြီးတွေအနေနဲ့ Mistine အလှကုန် ပစ္စည်းကို ယုံကြည်စိတ်ချစွာဝယ်ယူရောင်းချပေးသွာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပြီး ၂၀၁၄ ခုနှစ် မှာ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Mistine White Cream Product နဲ့ပတ်သက်လို့လည်း မိတ်ဆက်ပေးခဲ့ ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအများဆုံးဖြန့်ဖြူးရောင်းချပေးတဲ့ဆုကို 2013 Whole Sale @  Whole Myanmar Award နဲ့ No 1 Best Whole Sale Lower Myanmar 2013 Award ကို ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဦးအေးလွင်၊ အထက်မြန်မာပြည်တစ်ခုလုံး အများဆုံးဖြန့်ဖြူးရောင်းချပေးခဲ့တဲ့ 2013 Upper Myanmar Award နဲ့ No 2 Whole Sale Upper Myanmar  ကို မန္တလေးဈေးချိုမှ ဦးဘိုအေးမိသားစု သိမ်းမေတ္တာဆိုင်အပြင်  No 2 Whole Sale Lower Award 2013 ၊ No 3 Whole Sale Upper Myanmar Award 2013 နဲ့ No 1 Best Whole Regional Regional Award 2013 စတဲ့ဆုများကို အသီးသီး ဆုချီးမြှင့်ပေးခဲ့ပါတယ်။

 

3 2 1 7 6 5