L&E ရဲ့ ပထမဆုံး Lighting Application Center မြန်မာနိုင်ငံမှာဖွင့်ပြီ

L&E4

L&E3

ထိုင်းနိုင်ငံရဲ့ Lighting Product ဈေးကွက်နဲ့ ထုတ်လုပ်ရေးကို ဦးဆောင်နေတဲ့ the Lighting & Equipment Public Company Limited (L&E) ကုမ္ပဏီလီမိတက်ရဲ့ ပထမဆုံးထိုင်းနိုင်ငံပြင်ပ Lighting Application Center ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က Yangon International ဟိုတယ်ဝန်းအတွင်းရှိ L&E Myanmar ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

L&E2

အခမ်းအနားကို L&E ကုမ္ပဏီလီမိတက်ရဲ့ Executive Chairman ဖြစ်သူ Mr Pakorn Borimasporn က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ L&E ကုမ္ပဏီဟာ အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC အတွင်း တရားဝင်မိတ်ဆက်ခြင်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၀ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အာဆီယံဒေသတွင်း Lighting စီးပွားရေးဈေးကွက်ဦးဆောင်သူဖြစ်ဖို့လည်း ရည်မှန်းထားတယ်လို့ သိရပါတယ်။

L&E5

L&E1