ကမ္ဘောဇဘဏ်နဲ့ Visa တို့ ငွေကြေးဝန်ဆောင်မှုအသစ် ဆောင်ရွက်ရန်ပူးပေါင်းကြောင်းကြေညာ

KBZVisa

၂၀၁၇ခုနှစ်၊ဇန်န၀ါရီလ၁၂ရက်ကကမ္ဘောဇဘဏ်နဲ့ Visa တို့ ငွေကြေးဝန်ဆောင်မှုအသစ်တွေ ဆောင်ရွက်ဖို့ မဟာဗျူဟာမြောက်ပူးပေါင်းလိုက်ကြောင်းသတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့၊ပန်းပဲတန်းမြို့နယ်ရှိ Stand Square မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲမှာကမ္ဘောဇဘဏ်ရဲ့အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာဦးဇော်လင်းအောင်၊ Visa ရဲ့ မြန်မာနိုင်ငံကိုယ်စားပြု Country Manager Mr Arturo Planell ၊ ကမ္ဘောဇဘဏ်နဲ့ Visa တို့မှတာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေတက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာအီလက်ထရောနစ် ငွေပေးချေမှုနည်းပညာကို ပြည်တွင်းပြည်ပမှာအသုံးပြုနိုင်စေမယ့်အခွင့်အလမ်းတွေနဲ့ မြန်မာနိုင်ငံရဲ့ ငွေစက္ကူအခြေခံတဲ့စီးပွားရေးစနစ်ကနေ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲနိုင်ဖို့ အထောက်အကူပြုမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။