ii Fashion ဆိုင်ဖွင့်ပွဲ

ii Fashion ဆိုင်ဖွင့်ပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်က ဆိုင် တည်ရှိရာ အမှတ် ၁၇၂၊ အရှေ့ဘက် တန်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆိုင်မှာ အမျိုးသမီး ကြီးငယ်မရွေး ခုံမင်နှစ်သက်ကြတဲ့ မြန်မာရင်ဖုံးအင်္ကျီ၊ ယိုးဒယားဇင်းမယ် ချည်လုံချည်၊ ယိုးဒယားဇင်းမယ်ပိုး  လုံချည်၊ သစ်ခေါက်ပိုးလုံချည်တို့ အပြင် ရယ်ဒီမိတ်အင်္ကျီတွေလည်း ရနိုင်ပါတယ်။ ဒါ့အပြင် မိမိစိတ်  ကြိုက်ဒီဇိုင်း မှာချင်တယ်ဆိုရင်လည်း မှာလို့ရပါတယ်လို့ သိရပါတယ်။