IBM ရဲ့ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် ဒီနှစ်ကုန်ရင်အနားယူမယ်

Mark Lounghride

Mark Lounghride

ကွန်ပျူတာနည်းပညာဝန်ဆောင်မှုကုမ္ပဏီ IBM ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် Mark Loughride ဟာ ဒီနှစ်ကုန်ရင် ရာထူးကနေအနားယူတော့မယ်လို့ ဆိုပါ တယ်။ Mark ဟာ ဒီရာထူးကို တာဝန်ယူခဲ့တာ   ဆယ်နှစ်သက်တမ်းနီးပါးရှိပြီဖြစ်ပြီး IBM ဟာ ၀င်ငွေကျဆင်းမှုနဲ့အတူ ထွန်းသစ်စဈေးကွက်မှာ ရုန်းကန်နေခဲ့ရ တာဖြစ်ပါတယ်။ Mark ဟာ IBM ကို ၁၉၇၇ ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အင်ဂျင်နီယာအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ Mark ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ အသက် ၆၀ ပြည့်မှာ ဖြစ်ပြီး ဒါဟာ IBM သတ်မှတ်ထားတဲ့ ပင်စင်ယူရမယ့် အချိန်ဖြစ်ပါတယ်။ Mark ရဲ့နေရာကို  IBM  ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ဌာနအကြီးအကဲ Martin Schroeter  က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး တာဝန်ယူမှာ ဖြစ်ပါတယ်။ Ref: Reuters