Green Cross Brand ကုန်ပစ္စည်းသစ်မိတ်ဆက်

Green Cross

LAL Global Co Ltd က ဖိလစ်ပိုင် နိုင်ငံထုတ် Green Cross Brand  ကုန်ပစ္စည်းတွေကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းတင်သွင်းဖြန့်ချိတဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က ရန်ကုန်မြို့ Junction Square  မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ LAL Global  ရဲ့ Director Mr Mawai Lal က ကုမ္ပဏီတည်ထောင်ရတဲ့ရည်ရွယ်ချက်နဲ့ ကုမ္ပဏီ Profile အကြောင်းကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက် Presenter က Green Cross Product တွေအကြောင်းကို ရှင်းလင်းပြောပြခဲ့ပြီး အဆိုတော် ဆုန်သင်းပါရ်က Product တွေကို သုံးတဲ့ကိုယ်တွေ့ ရလဒ်တွေကိုပြောပြခဲ့ပြီး သီချင်းတွေနဲ့ သီဆိုဖျော်ဖြေ ခဲ့ပါတယ်။ မိတ်ဆက်လိုက်တဲ့ Green Cross Brand ပစ္စည်းတွေကတော့ Green Cross Isoprophyl Alcohol, Green Cross Sanitizing gel, Zonrox Bleach, Greenex အထွေထွေသုံး သန့်စင်ရည်တို့ ဖြစ်ပါတယ်။ Green Cross Product တွေက မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး အိမ်ရှင်မတွေအတွက် လွန်စွာအသုံးတည့်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။