Golden Wave Festival

article landscape wartermark final3

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ပွဲဖြစ်တဲ့ Golden Wave Festival ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ကိုရီးယား ယဉ်ကျေးမှုကို ကိုယ်တိုင်ဆင်နွှဲနိုင်မယ့် အစီအစဉ်တွေဖြစ်တဲ့ ကိုရီးယားရိုးရာဝတ်စုံ ၀တ်ဆင်နိုင်ပြီး အလှဓာတ် ပုံရိုက်ခွင့်ရတာ၊ ရိုးရာမျက်နှာဖုံး၊ ဆွဲကြိုးများ စမ်းသပ်ပြုလုပ်နိုင်တာတွေ၊ ကိုးရီးယားအစား အစာ မြည်း စမ်း ခွင့်ရ တာ၊ ကိုရီးယား Makeup လိမ်းခြယ်နိုင်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ကိုရီးယားနိုင်ငံက K Pop အဆို၊ အက၊ Korea Nanta စတဲ့ဖျော်ဖြေရေးအဖွဲ့နဲ့အတူ မြန်မာနိုင် ငံက ကျောက်ဆည်ဆင် အက၊ ရခိုင်ရိုးရာ ဆီမီးခွက်အက၊ ကိုရီးယား K Pop ကို စိတ်ဝင်စားကြတဲ့ မြန်မာလူငယ်တွေကလည်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ ကြပါတယ်။ အဆိုပါပွဲရဲ့တာဝန်ရှိသူတစ်ဦးက ဒီလောက်များပြားလှတဲ့လူငယ်တွေ လာရောက်ကြ တာကို အင်မ တန် အံ့သြမိပါကြောင်း၊ ပြည်တွင်းမှာ K Pop ကို လူငယ်တွေက အင်မတန် Crazy ဖြစ်နေတဲ့အတွက် ဒီဖျော် ဖြေပွဲကနေတစ်ဆင့် သူတို့ရဲ့အနုပညာရူးသွပ်မှုကို အထောက်အကူဖြစ်လိမ့် မယ်လို့ ဆိုပါတယ်။ Golden Wave Festival ပွဲတော်ကို ကိုရီးယားနိုင်ငံက Posco E&C ၊ Korea Foundation For International Exchange (KOFIE) နဲ့ Urim တို့က စီစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့် ရခဲ့တာဖြစ်ပါတယ်။

article landscape wartermark final12

article landscape wartermark final2

article landscape wartermark final10 article landscape wartermark final7 article landscape wartermark final6 article landscape wartermark final5 article landscape wartermark final4