Golden Pho

goldenpho1

ဆိုင်တည်နေရာ

အမှတ် ၆၂ အေ-၄၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်ကတော့ ၀၉ ၂၅၃၅၃၈၆၈၆ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန်

မနက် ၁၁ နာရီကနေ ည ၁၀ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

goldenpho2

စတင်ဖွင့်လှစ်တဲ့နေ့နဲ့ ရည်ရွယ်ချက်

၂၀၁၅ ခုနှစ်၊ ဇူလိုင်လက စဖွင့်ခဲ့ပါတယ်။ မြန်မာပြည်မှာ များသောအားဖြင့် ဂျပန်အစားအစာ၊ ထိုင်းအစားအစာ၊ ကိုရီးယားအစားအစာ၊  တရုတ်အစားအစာတွေပဲ တွေ့ရတဲ့အတွက် မြန်မာလူမျိုးတွေကို ဗီယက်နမ်တောင်ပိုင်းက ရိုးရာအစားအသောက်တွေနဲ့ မိတ်ဆက်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်တာပါ။

goldenpho3

ရနိုင်တဲ့ Menu တွေ

ဆိုင်ရဲ့ Signature ဟင်းပွဲဖြစ်တဲ့ Pho ခေါက်ဆွဲနဲ့ တခြားဗီယက်နမ်ခေါက်ဆွဲမျိုးစုံ၊ Fried Rice with Mixed Pork ၊ Special Combination Broken ၊ Burger နဲ့ လတ်ဆတ်တဲ့ သဘာဝသစ်သီးဖျော်ရည်၊ ဗီယက်နမ်တီးတွေကိုလည်း ရနိုင်ပါတယ်။ အစားအသောက်တိုင်းကို Versions ငါးမျိုး (ကြက်သား၊ ၀က်သား၊ အမဲသား၊ ပင်လယ်စာနဲ့ သက်သတ်လွတ်) ဆိုပြီး ရနိုင်ပါတယ်။

ဈေးနှုန်းအပိုင်း

ဈေးနှုန်းအနေနဲ့ အစားအသောက်ဆိုရင် အနိမ့်ဆုံး မြန်မာငွေနှစ်ထောင်ကျပ်ကနေ အမြင့်ဆုံးခုနစ်ထောင် ကျပ်အထိ ရှိပါတယ်။ ဖျော်ရည်တွေကတော့ ၁၅၀၀ ကျပ်ကနေ နှစ်ထောင်ကျပ်အထိ ရှိပါတယ်။

goldenpho5

Promotion/Discount

JZOO ဆိုတဲ့အမှတ်တွေစုပြီး လက်ဆောင်ထုတ်ယူရမယ့်အစီအစဉ်ရှိတယ်။ အမှတ်အများဆုံးလက်ဆောင် Sony Digital Camera ဖြစ်ပါတယ်။ ပြီးတော့ iPhone 6 Lucky Draw အစီအစဉ်လည်း ရှိပါတယ်။

goldenpho6

ဆိုင်မှာရှိတဲ့ Chef တွေက

အစားအသောက်ပိုင်း ကျွမ်းကျွင်မှုရှိတဲ့ ဗီယက်နမ်က Chef ကိုပဲ သုံးပါတယ်။

goldenpho7

ဝန်ဆောင်မှု

ဗီယက်နမ်အစားအစာကို အဓိကရတဲ့အတွက် လာစားတဲ့ Customer တိုင်းကို စားကောင်းမယ့် Menu တွေနဲ့ မိတ်ဆက်ပေးတဲ့အပြင်၊ ဘယ်လိုတွဲဖက်စားရမယ်ဆိုတာကိုလည်း Waiter တွေက သေချာရှင်းပြပါတယ်။

goldenpho4

ဆိုင်တစ်ဆိုင်ရဲ့ အရေးကြီးဆုံးအချက်က

အစားအသောက်တွေက လတ်ဆတ်ရမယ်။ ကျန်းမာရေးနဲ့ ညီရမယ်။ ဈေးနှုန်းသင့်တင့်ရမယ်။ နောက်ဆုံး အရေးကြီးတာက Service ကောင်းဖို့ပါပဲ။

အနာဂတ်အစီအစဉ်

ကန်တော်ကြီးနားမှာ တစ်ဆိုင်။ ဆူးလေနားက ဆောက်လက်စ Shopping Center မှာ တစ်ဆိုင် ထပ်ဖွင့်ဖို့ စီစဉ်နေပါတယ်။

ယွန်းမီမီထွန်း