Global Entrepreneurship Week (GEW) 2015

GlobalEntrepreneurship2

GlobalEntrepreneurship3

ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းရှင်များ ရက်သတ္တပတ် Global Entrepreneurship Week 2015 ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလ၊ ၁၅ ရက်က ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် ကျင်းပခဲ့ပါတယ်။ လေးကြိမ်မြောက် ကျင်းပတာဖြစ်တဲ့ (GEW) ပွဲ အခမ်းအနားကို နိုင်ငံတွင်းနှင့် နိုင်ငံတကာမှအဖွဲ့အစည်းတွေက စွန့်ဦးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ပွဲကို မြန်မာနိုင်ငံရှိ မြို့ကြီးဆယ်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲငယ်စုစုပေါင်း ၄၂ ပွဲ ပါဝင်ကာ နိုဝင်ဘာလ ၂၂ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။ ပွဲမှာ လုပ်ငန်းကိစ္စချည်းပဲ မဟုတ်ဘဲ ပျော်ရွှင်ဖွယ်ကစားနည်းများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ၀၉၇၉၇၄၉၇၁၂၂ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

GlobalEntrepreneurship1