Freshness Burger ဆိုင်ဖွင့်ပွဲ

 

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Freshness Burger ဆိုင်ဖွင့်ပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က ဆိုင်တည်ရှိရာ ရန်ကုန်မြို့၊ Culture Valley မှာ ကျင်းပခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲ Promotion အဖြစ် သြဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၇ ရက်အတွင်း ၅,၀၀၀ ကျပ်ဖိုး ၀ယ်ယူစားသုံးတိုင်း Fortune Wheel ကိုလှည့်ပြီး  Burger ၊ Coca-cola ၊ Sprite ၊ Max ၊ Chicken Nuggets နဲ့ French Fries တွေ အခမဲ့စားသုံးခွင့်ရရှိမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ၁၉၉၂ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ဆိုင်ခွဲပေါင်း ၁၇၀ ကျော်ရှိတဲ့ Freshness Burger ဆိုင်ကို မြန်မာနိုင်ငံမှာ 3E Food & Beverage Co Ltd က Exclusive Franchise ယူထားတာဖြစ်တယ်လို့သိရပါတယ်။ သန့်ရှင်းပြီး အရသာအကောင်းဆုံးကုန်ကြမ်းတွေကိုအသုံးပြုထုတ်လုပ်ကာ ‘Freshness Food, Freshness Serving,Freshness People, and Freshness Planet’ ဆိုတဲ့ လက်ကိုင်ဆောင်ပုဒ်ကို ကိုင်စွဲကာ ၀န်ဆောင်မှုပေးနေတယ်လို့သိရပါတယ်။