အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ကိုကာကိုလာရဲ့ FIFA World Cup Trophy Tour

  

6 5

ကိုကာကိုလာမှ ကြီးမှူးဆောင်ရွက်တဲ့ FIFA World Cup Trophy Tour လှည့်လည်သယ်ဆောင်ခြင်းအစီအစဉ်ရဲ့ ၅၂ ခုမြောက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ Police Ground တွင် ပြည်သူလူထုကို အနီးကပ်ကြည့်ရှုခွင့်၊ ဓာတ်ပုံတွဲရိုက်ခွင့်များ၊ ဟိုလိုဂရမ်ပြသခြင်းများ၊ ပျော်ရွှင်ဖွယ်ဘောလုံးကစားခြင်းများ၊ ကိုကာကိုလာအခမဲ့တိုက်ကြွေးခြင်းများပြုလုပ်ခဲ့ပါတယ်။ ကိုကာကိုလာရဲ့ FIFA World Cup Trophy Tour လှည့်လည်သယ်ဆောင်ခြင်းအစီအစဉ်ကို မြန်မာနိုင်ငံမှာတော့ ဒီဇင်ဘာလ ၂၅၊ ၂၆ ရက်တွေမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။