Ferrari Perfume စတင်မိတ်ဆက်

ferrari1 ferrari2
Italy Brand  တစ်ခုဖြစ်တဲ့ Ferrari Perfume  စတင်မိတ်ဆက်ပြီး ကောင်တာသစ်ဖွင့်ပွဲ အခမ်းအနား အဆိုပါကောင်တာတည်ရှိရာ ရန်ကုန်မြို့၊ Parkson FMI  တိုက်မှာ ဇူလိုင်လ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။ Ferrari Opening Launching  ကို ဒေါက်တာထွန်းဇံအောင် (ညွှန်ကြားရေးမှူး ရေကြောင်းကုန်သွယ်မှု မြ၀တီထရေးဒင်း ကုမ္ပဏီလီမိတက်)၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မော်ဒယ်ထွန်းကိုကိုနဲ့ Ferrari က တာဝန်ရှိလူကြီးတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ Ferrari Perfume  ဟာ အမျိုးသားတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးတွေအတွက် ရနံ့တွေလည်းရနိုင်တဲ့  Luxury Branded Perfume  ဖြစ်တယ်လို့ သိရပါတယ်။ Ferrari Counter  မှာ လာရောက်ဝယ်ယူတဲ့ Customer တွေအတွက် ဈေးနှုန်းအနေနဲ့ကျပ်သုံးသောင်းကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး Ferrari Official Product Seal, Barcode, Batch number  စတာနဲ့ ပတ်သက်လို့ အာမခံချက် အပြည့်အ၀ပေးမှာလို့ ဆိုပါတယ်။
ferrari3
ferrari4