Facebook Business Manager လုံခြုံရေးအတွက်နည်းလမ်း ၈ ချက်နှင့် Hacking (ကွန်ရက်ထိုးဖောက်ဝင်ရောက်ခြင်း) ကိုကာကွယ်နိုင်မည့် နည်းလမ်းများ

ယနေ့ခေတ်ဆိုင်ဘာလောကတွင် Lockdown အခြေအနေများက ကျွန်တော်တို့၏ပြောဆိုဆက်သွယ်မှုများအားလုံးကို အွန်လိုင်းပေါ်သို့ရွှေ့ပြောင်းရန် တွန်းအားပေးလိုက်သည့်အတွက် အင်တာနက်သည်လူမှုရေးရာဆက်သွယ်မှုများပြုလုပ်ရာ အဝန်းအဝိုင်းတစ်ခုဖြစ်လာခဲ့သည်။သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများနှင့်ဆက်သွယ်ပြောဆိုရာ Virtual နေရာတစ်ခုဖြစ်လာပြီး စီးပွားရေးလုပ်ငန်းများပြုလုပ်ရာ ပတ်ဝန်းကျင်တစ်ခုအဖြစ်သို့လည်းရောက်ရှိလာသည်။

ကျွန်တော်တို့၏ အခြားလူမှုအသိုက်အဝန်းများကဲ့သို့ပင် အင်တာနက်တွင်လည်း ကျွန်တော်တို့တစ်ဦးတစ်ယောက်စီနှင့် စီးပွားရေးလုပ်ငန်းများအပေါ်သက်ရောက်မှုရှိနိုင်မည့် ခြိမ်းခြောက်မှုများလည်း ရှိလာနိုင်ပြီးထိုခြိမ်းခြောက်မှုများကို Hacking (ကွန်ရက်ထိုးဖောက်ဝင်ရောက်ခြင်း) ဟုခေါ်သည်။ Hack ပြုလုပ်ခြင်းများသည်နေရာမရွေး၊ အချိန်မရွေးဖြစ်ပေါ်နိုင်သည့်အတွက် အမြဲသတိနှင့်နိုးနိုးကြားကြားရှိနေပြီး အွန်လိုင်းလုံခြုံရေးစနစ်များ လုပ်ဆောင်ထားရန်အထူးလိုအပ်ပါသည်။

Facebook Business Manager သည်စီးပွားရေးလုပ်ငန်းများအတွက် စနစ်တကျပြုလုပ်ပြီးကောင်းစွာစီမံခန့်ခွဲနိုင်သည့် Facebook ၏နည်းပညာစနစ် (Tool) တစ်ခုဖြစ်ပါသည်။ကုမ္ပဏီများကဤ Tool ကိုအသုံးပြုကာ ကမ်ပိန်းများမှတစ်ဆင့် မိမိတို့ကြော်ငြာအစီအစဉ်များကိုမြင်တွေ့စေလိုသည့် ပရိသတ်အုပ်စုဆီသို့ ပျံ့နှံ့ရောက်ရှိစေနိုင်ပါသည်။ Facebook Business Manager တွင်အလွန်အရေးကြီးသည့် ဒေတာအချက်အလက်များစွာ သိုလှောင်သိမ်းဆည်းထားရလေ့ရှိသည့်အတွက် ဖြစ်နိုင်ခြေရှိသည့် Hacking ပြုလုပ်ခံရခြင်းများမှ လုံခြုံစွာကာကွယ်နိုင်ရန်မှာအလွန်အရေးကြီးပါသည်။

အဆင့် ၁ : Two Factor Authentication (FA) ကိုအသုံးပြုရန်

အကောင့်လုံခြုံရေးအတွက်မဖြစ်မနေအသုံးပြုရန် အထူးတလည်အကြံပေးလိုသည့်အဆင့်တစ်ခုဖြစ်ပါသည်။ 2-Factor Authentication (2FA) သည် လုံခြုံရေးအတွက်လိုအပ်သောစနစ်တစ်ခုဖြစ်ပြီးမိမိ Facebook အကောင့်နှင့် Password တို့ကိုကောင်းစွာကာကွယ်ပေးပါသည်။ 2FA ကိုစတင်အသုံးပြုပြီးသည်နှင့် မိမိ၏အကောင့်ကိုဝင်ရောက်အသုံးပြုနေကျမဟုတ်သည့် Browser သို့မဟုတ် မိုဘိုင်းလ်ဖုန်းများမှဝင်ရောက်ပါက အထူးတစ်ခါသုံးကုဒ်နံပါတ်ကို ထည့်သွင်းမှသာအကောင့်အတွင်းသို့ ဝင်ခွင့်ရမည်ဖြစ်သည်။ Instant Alert Feature ကို မိမိတို့စိတ်ရှိသလို အသုံးပြုရန် သို့မဟုတ် အသုံးမပြုရန်ရွေးချယ်ထားရှိနိုင်သည်။

အဆင့် ၂ : အသိအမှတ်ပြု Login များကိုအမြဲစစ်ဆေးရန်

Security and Login Settings တွင် သင့်အကောင့်ကိုဝင်ရောက်ထားသည့် ဝင်ရောက်အသုံးပြုနေကျမဟုတ်သောစက်ပစ္စည်းများနှင့် တည်နေရာများကိုစစ်ဆေးနိုင်သည်။ 2FA ကိုထားရှိပြီးနောက် ယခုအဆင့်ကိုပါထားရှိရန် Httpool ကအကြံပြုလိုပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့်ဝင်နေကျမဟုတ်သော အသိအမှတ်မပြုထားသည့် Device တိုင်းကို Log out ဖြစ်စေပါသည်။

အဆင့် ၃ : Audit Access ကိုပုံမှန်စစ်ဆေးရန်

Business Help Centre သို့ဝင်ရောက်ပြီး သင့်အကောင့်ကိုစစ်ဆေးခြင်းအားဖြင့်သင့် Business Managers နှင့်ကြော်ငြာအကောင့်များသို့ မည်သူဝင်ရောက်အသုံးပြုထားသည်ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။ ဤ Feature သည် အကောင့်တွင်းဝင်ရောက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီသိရှိစေနိုင်ခြင်း၊ လိုအပ်သည့်အချိန်တွင် တစ်စုံတစ်ယောက်ကိုဖယ်ထုတ်ခြင်း၊ ထည့်သွင်းခြင်းများကိုပြုလုပ်နိုင်မည်ဖြစ်သည်။

အဆင့် ၄ : ကြော်ငြာနှင့်အသုံးပြုမှုစရိတ်များကို အကောင့်မှအမြဲတမ်းစောင့်ကြည့်ရန်

မိမိ၏လက်ရှိအသုံးပြုနေသောကြော်ငြာနှင့် အကောင့်ငွေတောင်းခံလွှာများကိုပုံမှန်စစ်ဆေးပါ။ဤသို့စစ်ဆေးခြင်းအားဖြင့် လက်ရှိပြုလုပ်နေသောအစီအစဉ်များအားလုံးကို ပြောင်းလဲပြုပြင်ထားခြင်းမရှိသည်ကို သေချာစေမည်ဖြစ်သည်။

အဆင့် ၅ : ခက်ခဲသော Password ကိုဖန်တီးအသုံးပြုရန်

Password များသည် မည်သည့် ဒစ်ဂျစ်တယ်အကောင့်တိုင်းအတွက်မဆို အလွန်အရေးကြီးပါသည်။သင့် Facebook အကောင့် Password ကိုအခြားမည်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အသုံးမပြုခြင်းသည် ကောင်းမွန်သည့်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ဤသို့ပြုလုပ်ခြင်းကို Business Manager အသုံးပြုသူတိုင်းပြုလုပ်သင့်ပါသည်။

အဆင့် ၆ : မိမိ၏ Login အချက်အလက်များအား ဝေမျှခြင်းဘယ်တော့မှမပြုလုပ်ရပါ

အလိမ်အညာအယောင်ဆောင် Profile များနှင့် Email အတုများသည် သင့် Login အချက်အလက်များကို မေးမြန်းကောင်းမေးမြန်းနိုင်သည့်အတွက် မသင်္ကာစရာကောင်းသည့် Link များအားနှိပ်မိခြင်းကို ရှောင်ရှားသင့်ပါသည်။

အဆင့် ၇ : ထပ်ဆောင်းလုံခြုံရေး တိုးမြှင့်ခြင်းကိုပြုလုပ်ထားရန်

အသုံးပြုသူများအနေဖြင့် Additional Security Features ကိုအသုံးပြုပြီးအခြားသော လုံခြုံရေးစနစ်များဖြစ်သည့် Instant Login Notification နှင့်ခွင့်ပြုချက်တောင်းခြင်းတို့ကိုအသုံးပြုရန် တိုက်တွန်းအပ်ပါသည်။

အဆင့် ၈: Security Check-up Tool ကိုအသုံးပြုပါ

Facebook သည် Security Check-up Tool အသုံးပြုခွင့်ပေးထားသည်။ အဆိုပါစနစ်သည်အသုံးပြုသူများကို ယင်းတို့၏ကိုယ်ပိုင် Facebook အကောင့်ကိုပြန်လည်သုံးသပ်ရန်နှင့် အခြားလုံခြုံရေးစနစ် အဆင့်အမျိုးမျိုးတို့ကို ပြောင်းလဲနိုင်ရန်ဆောင်ရွက်ပေးသည်။ Httpool အနေဖြင့်သင့်အကောင့်တွင်သံသယဖြစ်ဖွယ်မည်သည့်အစီအစဉ်မှ မရှိနေစေရန် ယခုဖော်ပြပါစနစ်ကိုအသုံးပြုရန် အကြံပြုပါသည်။