Eclipse Bar & Restaurant

EclipseBar4

EclipseBar1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့်ဖုန်း . . .

Eclipse Bar & Restaurant ကို ရန်ကုန်မြို့၊ မြန်မာပလာဇာ လေးလွှာမှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ်ကတော့ ၀၉-၄၄၂၄၇၇၇၇၈ ကို ဆက်သွယ်နိုင်ပါတယ်။

EclipseBar2

စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး Eclipse Bar & Restaurant ကို လာကြတဲ့ Customer တွေ အားလုံးကို စိတ်ပျော်ရွင်မှု၊ စိတ်ကျေနပ်မှုရအောင် အကောင်းဆုံးဝန်ဆောင်မှုပေးသွားဖို့ ရည်ရွယ်ပါတယ်။ Eclipse ရဲ့ မြန်မာလိုအဓိပ္ပာယ်က နေကြတ်ခြင်း ဆိုပေမယ့် တကယ်တမ်းပြောချင်တာက အားလုံးတစ်နေရာတည်းမှာ စုစည်းမှုဆိုတာကို ပြောချင်တာပါ။

EclipseBar3

ဆိုင်ဖွင့်ချိန် . . .

ညနေ ၅း၃၀ နာရီကနေ ည ၁၂ နာရီအထိ ဟင်းပွဲတွေ မှာယူစားသောက်နိုင်ပါတယ်။ Bar ပိတ်ချိန်ကတော့ မနက် ၂း၀၀ နာရီ ဖြစ်ပါတယ်။

EclipseBar5

ရနိုင်တဲ့ Menu တွေက . . .

ဥရောပအစားအစာ၊ အာရှအစားအစာ၊ Arabic Style BBQ တွေလည်း အစုံရပါတယ်။ Eclipse Special Fries ၊ Arabic Style Chicken Liver Lime ၊ BBQ တွေက လူကြိုက်များပါတယ်။ ဒီမှာပဲရနိုင်တဲ့ တစ်မူထူးခြားတဲ့ အရသာဖြစ်လို့ Eclipse Special Fires ဆိုပြီး ကိုယ်ပိုင်နာမည်လည်း ပေးထားပါတယ်။ Cocktail Party ၊ Birthday Party တွေအတွက် Package တွေ ရှိပါတယ်။ Package မှာ လူတစ်ယောက်စာအတွက် အနည်းဆုံး ဒေါ်လာနှစ်ဆယ် သတ်မှတ်ထားပါတယ်။

EclipseBar8

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းတွေက အနည်းဆုံး ကျပ်သုံးထောင်ကနေ အများဆုံးကျပ် ၁၈,၀၀၀ အထိ ရှိပါတယ်။

EclipseBar7

ဆိုင်ရဲ့ထူးခြားချက် . . .

ဆိုင်ရဲ့ ထူးခြားချက်ကတော့ ဒီနေရာမှာ လူတိုင်းလွတ်လွတ်လပ်လပ် ပျော်လို့ရတယ်။ ဆိုင်က Outdoor ဖြစ်တဲ့အတွက် လွတ်လပ်မှုရှိတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးထားတယ်။ ဆိုင်က Outdoor Area ဖြစ်ပြီး Garden ပုံစံလေးလုပ်ထားပါတယ်။ DJ Stage ၊ Live Fan Stage တွေနဲ့အတူ အသံထွက်ကောင်းတဲ့ Speaker တွေကို သေချာလေးပြင်ဆင်ထားပါတယ်။

EclipseBar6

အနာဂတ်အစီအစဉ် . . .

ဆိုင်နေရာတွေ ထပ်ပြီးတိုးချဲ့သွားဖို့ရှိပါတယ်။