DENOVO(Silk & Lace Collection)

Denovo1

ဆိုင်ဖွင့်ချိန်၊ ဆိုင်လိပ်စာနဲ့ ဖုန်း၊ အီးမေးလ် . . .

ဆိုင်ကို မနက် ၉ နာရီကနေ ည ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်က အမှတ် ၃၄၉ (မြေညီထပ်)၊ ရတနာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် ၀၉-၄၄၅၀၄၅၄၀၀၊ ၀၉-၄၄၅၀၄၅၅၀၀ နဲ့ အီးမေးလ်ကတော့ [email protected] တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ဖြစ်ပုံနဲ့ ရည်ရွယ်ချက် . . .

ဒီလုပ်ငန်းကို ကျွန်မ မဝေေ၀ဖူးနဲ့ ကျွန်မသူငယ်ချင်း မဖူးဖူးထက်အောင်တို့နှစ်ယောက်ကနေ ပထမဆုံးကိုယ်ပိုင်လုပ်ငန်းတစ်ခုအနေနဲ့ အတူတူစလုပ်ခဲ့တာပါ။ ဒီလုပ်ငန်းကိုလုပ်ဖို့ ရွေးချယ်လိုက်တာက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့လုပ်ငန်း လုပ်ချင်တာရယ်၊ နောက်ပြီးလူငယ်တွေလည်းဖြစ်၊ ဖက်ရှင်ပိုင်းကိုလည်း စိတ်ဝင်စားကြတာရယ်ကြောင့်ပါ။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က ဆိုင်ဖွင့်ပွဲလုပ်ခဲ့ပြီး DENOVO ဆိုတဲ့ ဆိုင်နာမည်နဲ့ ပြည်တွင်းပြည်ပက ပိုးထည်နဲ့ဇာထည်တွေကို တင်သွင်းရောင်းချနေပါတယ်။ ဆိုင်ရဲ့ရည်ရွယ်ချက်ဆိုရင်တော့ မြန်မာမိန်းကလေးတွေအားလုံးကို မြန်မာဆန်ဆန်နဲ့ လှစေချင်ပါတယ်။

Denovo2

ဆိုင်မှာရနိုင်တဲ့အထည်တွေက . . .

အမရပူရဘက်ကဆိုရင် ပိုးစစ်ချိတ်၊ ပိုးဖဲချိတ်၊ ပိုးစစ်ပုဆိုး၊ ပိုးကင်းတပ်ပုဆိုးတွေ ရှိတယ်။ ပိုးယုံ၊ Valentino ၊ ထိုင်းပိုး၊ ချည်ပိုးတွေနဲ့ ထိုင်းပိုးပေါ်မှာ ထိုးထားတဲ့ ကွန်ပျူတာချိတ်တွေလည်း ရှိတယ်။ ဇာဆိုရင် ကိုရီးယား၊ အီတလီ၊ ဂျပန်နဲ့ ပြင်သစ်တို့ကသွင်းတဲ့ ဇာမျိုးစုံရှိပါတယ်။

Denovo3

ဈေးနှုန်းတွေက . . .

ဇာတွေဆိုရင် တစ်ကိုက်ကို တစ်သောင်းကျော်လောက်ကနေ သိန်းကျော်ထိ ရှိပါတယ်။ အမရပူရပိုးဖဲချိတ်တွေဆိုရင် တစ်သိန်းကနေ သုံးသိန်းကြားရှိပါတယ်။ ပိုးစစ်ချိတ်တွေဆိုရင်တော့ သုံးသိန်းကနေ ကိုးသိန်း၊ ဆယ်သိန်းဝန်း ကျင်ရှိပါတယ်။ ထိုင်းပိုးတွေက ကွန်ပျူတာပန်းထိုးတွေပဲဖြစ်လို့ နှစ်သောင်းကျပ်လောက်ကနေ ခြောက်သောင်းကျော်၊ ခုနစ်သောင်းကျပ်လောက်အထိ ရှိပါတယ်။

Denovo4

ဆိုင်ရဲ့ဝန်ဆောင်မှုနဲ့ အနာဂတ်အစီအစဉ် . . .

ထူးခြားချက်ဆိုရင်တော့ Customer တွေအတွက် တစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက် အသစ်အသစ်တွေ အမြဲတင်ပေးနေတယ်။ DENOVO Facebook Page မှာလည်း Post တွေ အမြဲ Up To Date ဖြစ်နေအောင် တင်ပေးတယ်။ လိုချင်တဲ့ပုံစံနဲ့ သုံးချင်တဲ့ ဈေးနှုန်းအတွင်း အဆင်ပြေအောင် ကူရွေးပေးတယ်။ Online Service နဲ့ Delivery လည်း လုပ်ပေးနေပါတယ်။

နောက်ပိုင်း DENOVO ဆိုင်မှာ ဒီဇိုင်နာတွေခေါ်ပြီးတော့ One Stop Service လို ပုံစံမျိုးပေးသွားဖို့ရှိပါတယ်။ ဒီဆိုင်မှာပဲ ပိတ်စ၀ယ်၊ ဒီဆိုင်မှာပဲ လိုချင်တဲ့ ပုံစံချုပ်ပြီး အပြီးအစီးလုပ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။