Crazy Rich : Power, Scandal, and Tragedy Inside the Johnson & Johnson Dynasty

1

ရေးသူ  –         Jerry Oppenheimer

စာမျက်နှာပေါင်း –         ၄၉၆ မျက်နှာ၊ ကတ်ထူဖုံး

ထုတ်ဝေသူ      –         St Martin’s Press, First Edition

အရွယ်အစား    –         9.5″ _6.4″ _1.6″

ထုတ်ဝေသည့်နေ့         –         ၁၃-၈-၁၃

ISBN-10:0312662114

ISBN-13:978-0312662110

Johnson & Johnson  ဆိုတဲ့ အောင်မြင်တဲ့ဆေးဝါးလုပ်  ငန်းကြီးရဲ့ဖြစ်ကြောင်းကုန်စင်ကို ၁၈၈၈ ခုနှစ်က စတင် တီထောင်ခဲ့သူ  Johnson ညီအစ်ကိုသုံးယောက်ကစပြီး နောက်ပိုင်းမျိုးဆက်သစ် ငါးဆက်တိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ခဲ့ပုံများကို တင်ပြထားတယ်။ သမ္မတကနေဒီရဲ့ ဆွေစဉ် မျိုးဆက်တွေ၊ ဒုက္ခ၊ သုခတွေ ကြုံခဲ့ရ၊ အပုတ်နံ့တွေလည်း ထွက်ခဲ့ရသလိဲုသ့ညျသည တို့မှာလည်း သန်းကြွယ်သူဌေး၊ ဘီလီယံနာကြီးတွေ ဖြစ်နေတဲ့ကြားထဲက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေ၊ အိမ်ထောင်ပြိုကွဲမှုတွေ၊ ဆေးတို့၊ အရက် တို့စွဲနေမှုတွေ၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုတွေ၊ စိတ်မချမ်းသာမှုတွေ၊ ကလေးစရိတ်ရရေးအတွက် ဖခင်ဖြစ်သူ  ဘယ်သူဘယ်ဝါဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားရသူတွေ၊ စည်းစိမ်ဥစ္စာတွေကို အမွေခံရေးနဲ့ပတ်သက်ပြီး တရားပြိုင် ကြရမှုတွေ စသဖြင့် ငွေကြေးချမ်းသာပေမဲ့ ပြဿနာတွေ ဗလပွနဲ့ စိတ်ရှုပ်စရာကောင်းနေပုံတွေကို အသေးစိတ် တင်ပြထားတယ်။ ဒါကြောင့်လည်း စာအုပ်ဝေဖန်ရေးဆရာ တစ်ဦးက ”စိတ်ကူးပေါက်တိုင်း တွေ့ကရာလျောက်လုပ် နေနိုင်လောက်အောင် ဓနအင်အားနဲ့ပြည့်စုံနေတာမျိုးက တော့ ၀မ်းသာစရာမဟုတ်ဘူးလို့ ဆိုရပါတော့မယ်” လို့ မှတ်ချက်ချထားတယ်။

 

စာရေးသူ Jerry Oppenheimer ဟာ သမ္မတ ကနေဒီမိသားစုအစဉ်အဆက်အကြောင်းတွေနဲ့ ကလင်တန် တို့ရဲ့ အလားတူအကြောင်းတွေအပြင် အမေရိကန်နိုင်ငံက လူထုအသည်းစွဲတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ရေးသားခဲ့တယ်။ အခုစာအုပ်ကတော့ အဲဒီလို အတ္ထုပ္ပတ္တိတွေဆိုင်ရာ ၁၁ အုပ်မြောက် ဖြစ်ပါတယ်။