Colgate ၏ ဒုတိယအကြိမ်မြောက် သွားနှင့်ခံတွင်း ကျန်းမာရေးလ အခမ်းအနား

article landscape wartermark final10

Colgate-Palmolive က မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းတို့ ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် Colgate သွားနှင့်ခံတွင်းကျန်းမာရေးလ လှုပ်ရှားမှုအစီအစဉ် အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်က Junction Mawtin မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ Colgate-Palmolive Indochina ရဲ့ Country Director Mr. Manish Anandani နဲ့ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခဦးပွင့်ဖူးတို့က အမှာစကားပြောကြားခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ Colgate က ဧပြီလ ၂၈ ရက်မှ မေလ ၃၁ ရက်အထိ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မြို့တွေမှာရှိတဲ့ သွားနှင့်ခံတွင်းဆေးခန်းပေါင်း ၂၂၀ ကျော်တို့နဲ့ လက်တွဲပြီး ကျောင်းနေအရွယ်ကလေးငယ်တွေနဲ့ မိသားစုများကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ အခမဲ့စစ်ဆေးပေးခြင်းနဲ့ မှန်ကန်တဲ့ သွားနှင့်ခံတွင်းစောင့်ရှောက်မှု အရေးကြီးပုံ ကိုမန်မာစားသုံး သူတွေ ဆီ အသိပညာပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ Mr. Manish Anandani က ကမ္ဘာတစ်လွှားမှာရှိနေတဲ့ ပြည်သူတွေရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး တိုးတက်ကောင်းမွန်ဖို့အတွက်  အလေးအနက် ဆောင် ရွက်နေကြောင်း၊ ယခုနှစ်ပတ်လည် သွားနှင့်ခံတွင်းကျန်းမာရေးလ လှုပ်ရှားမှုကနေပြီး ဦးတည်ဆောင်ရွက်ချက်တွေကို ဆက်လက်အကောင်အထည် ဖော်နိုင်တဲ့အတွက် များစွာဂုဏ် ယူကြောင်း၊ သွားနှင့်ခံတွင်းကျန်း မာရေး ဘက်စုံမြှင့်တင်ခြင်းကို မြန်မာနိုင်ငံ အနှံ့အပြားမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဦးပွင့်ဖူးကလည်း အခုလို Colgate နဲ့လက်တွဲပြီး မြန်မာပြည်သူအကြား သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်တဲ့အတွက် များစွာဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ ဆရာဝန်တစ်ဦးက သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ပါတယ်။ ထိုနောက် ဗီဒီယိုနဲ့ ရုပ်ရှင်သရုပ်ဆောင် ရတနာခင်နဲ့မိသားစုရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု ကို ဆွေးနွေးခဲ့ကြပြီး ရတနာခင်နဲ့ မိသားစုက သွားနှင့်ခံတွင်း စစ်ဆေးမှု ခံယူခဲ့ကြပါတယ်။ Junction Mawtin မှာ ဈေးဝယ်လာသူတွေနဲ့ အခမ်းအနားကို တက်ရောက်လာသူတွေကိုလည်း မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်တွေက အခမဲ့ စစ်ဆေးပေးခဲ့ပါတယ်။

 

article landscape wartermark final9 article landscape wartermark final7 article landscape wartermark final6 article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3 article landscape wartermark final2 article landscape wartermark final1