Champion Construction Materials ကုမ္ပဏီရဲ့ CHANCE Promotion စာနယ်ဇင်းရှင်းလင်းပွဲ

Champion Construction Materials (CCM) ကုမ္ပဏီရဲ့ Super Chance Promotion အရောင်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က Champion Construction Materials (CCM) ရုံးချုပ်တည်ရှိရာ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း စကားဝါအိမ်ရာမှာ ကျင်းပခဲ့ပါတယ်။

ပွဲမှာ Champion Construction Materials (CCM) ရဲ့ Chief Operating Officer Mr Syed Rezal က Promotion လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်မယ့်အကြောင်းအရာတွေကို ရှင်းလင်းပြောပြခဲ့ပြီး၊ Business Development Manager Daw Mu Mu Sann က CCM ရဲ့ Market အကြောင်းအရာတွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။

အဆိုပါ Super Chance Promotion ပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်ကနေ ၂၁ ရက်ထိ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်ရှိ CCM Main ShowRoom ၃ ခုမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Champion Construction Materials (CCM) ကနေတင်သွင်းဖြန့်ချိနေတဲ့ Product အားလုံးကိုလည်း တန်ဖိုးပေါ်မူတည်ပြီး ၇၂ ရာခိုင်နှုန်းအထိ Discount တွေပေးသွားမှာဖြစ်ပြီး ဒီကာလအတွင်း ၀ယ်ယူသူတွေကို ထပ်ဆောင်းကာ တစ်နှစ်တာ သုံးခွင့်ရမယ့် ငွေကျပ် ၂၀,၀၀၀ တန် ကူပွန်တွေကိုလည်း ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Chance

Chance 3

 

Chance 2