Challenges & Opportunities Beyond 2015
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကဦးစီးပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ၂၀၁၅ ခုနှစ်လွန်နှစ်တွေမှာ ရင်ဆိုင်လာရမယ့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို ကြိုတင်သိရှိထားပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ Challenges and Opportunities Beyond 2015 Myanmar Executive Forum ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၊ ၂၇ ရက်u ရန်ကုန်မြို့၊ Chatrium Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ YGA Capital Limited ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးသူရကိုကိုနဲ့ DFDL Myanmar Ltd ရဲ့ Partner ဖြစ်သူ Mr William Greenlee တို့က ၂၀၁၅ ခုနှစ် အလွန်Asean Economic Communities (AEC) စတင်အပြီး ခုနှစ်တွေမှာ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေနဲ့ ဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတာတွေကို တခြားအာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးရှင်းလင်းပြောကြားခဲ့ကြပါတယ်။ ဒီပွဲကို CEO မဂ္ဂဇင်းနဲ့အတူ KBZ Bank ၊ ဂမုန်းပွင့်နဲ့ UPG တို့က Sponsor တွေအဖြစ် ပူးပေါင်းပံ့ပိုးပေးခဲ့ကြပါတယ်။