Casa Mia Italian Kitchen & Bar

casamia1

အီတလီအစားအသောက်ကောင်းကောင်းကြိုက်တတ်သူတွေအတွက်နဲ့ Authentic Italian အစားအသောက်တွေကို မြည်းစမ်းကြည့်ချင်သူတွေအတွက် ရန်ကုန်မြို့ Sule Square မြေညီထပ်က Casa Mia Italian Kitchen and Bar ကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့နာမည်က My Home လို့ အဓိပ္ပာယ်ရပြီး တကယ်လည်း အီတလီ Homemade ဟင်းလျာ၊ အချိုပွဲ စသဖြင့် အမျိုးမျိုးကို ရနိုင်မှာဖြစ်ပါတယ်။

ဆိုင်ရဲ့အပြင်အဆင်က အိမ်လိုမျိုးနွေးထွေးမှုကိုရစေပြီး Happy Hour အစီအစဉ်အမျိုးမျိုးလည်း မရိုးရအောင် ရှိတတ်တာမို့ အလုပ်ပြီးညနေဘက်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲသွားသွား၊ ကိုယ့်မိသားစု၊ မိတ်ဆွေ၊ ချစ်သူခင်သူတွေနဲ့ပဲသွားသွား အဆင်ပြေပါတယ်။ လူလေး၊ ငါးယောက်ဆံ့တဲ့ Private Room တစ်ခုလည်း ရှိတာကြောင့် Business Launch/Dinner တွေအတွက်လည်း စဉ်းစားနိုင်ပါတယ်။

casamia2

ရနိုင်တဲ့ Menu တွေ

———————-

မနက်စာ၊ နေ့လယ်စာ၊ ညစာသုံးမျိုးလုံးရနိုင်ပြီး အီတလီအိမ်စာအမျိုးမျိုးကို ရနိုင်တဲ့ ဒီဆိုင်မှာ ပါစတာတစ်မျိုး၊ ဟင်းလျာတစ်မျိုး၊ Salad တစ်မျိုးနဲ့ အချိုပွဲတို့ပါဝင်တဲ့ Lunch Box ကိုလည်း Weekday တွေမှာ နေ့လယ် ၁၂ နာရီကနေ ၂ နာရီခွဲအထိရနိုင်တာကြောင့် စိတ်ဝင်စားစရာပါပဲ။ ကိုယ်တွဲဖက်သုံးဆောင်မယ့် ယမကာပေါ် မူတည်ပြီး ဈေးနှုန်းကတော့ ၁၂,၀၀၀၊ ၁၃,၀၀၀ ကနေ စတင်ပါတယ်။

ပင်လယ်စာဂုံးနဲ့ချက်တဲ့ Spaghetti Alle Vongole ၊ Homemade Lasagna နဲ့ Pizza Carbonara တွေကလည်း လူကြိုက်များပါတယ်။ ပြီးတော့ Beef T-Bone အကင်ကို  အသီးအရွက်ကင်တွေနဲ့ တွဲဖက်တည်ခင်းတဲ့ Costata Di Manzo Alla Fiorentina လည်း ရနိုင်ပါတယ်။

အချိုပွဲအနေနဲ့ကတော့ အီတလီရိုးရာအချိုပွဲ Tiramisu tradizionale နဲ့ Gelato Tartufo ကတော့ အရသာလည်းရှိ လူကြိုက်လည်းများတယ်လို့ သိရပါတယ်။

casamia4

ရနိုင်တဲ့ယမကာတွေ

———————-

အီတလီထုတ်သက်တမ်းအရင့်ဆုံး ၀ိုင်အပါအ၀င် အီတလီဝိုင်အမျိုးမျိုး၊ ပြင်သစ်ဝိုင်တွေ၊ ရှန်ပိန်တွေနဲ့ အဖျော်ယမကာအမျိုးမျိုး၊ ဘီယာ၊ သစ်သီးဖျော်ရည် စတာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ၀ိုင်နဲ့ ယမကာတွေအတွက် ဈေးနှုန်းတွေကတော့ ၂၈,၀၀၀ ကျပ်ဝန်းကျင်ကနေ စတင်ပါတယ်။ Cocktails နဲ့ Juice တွေကတော့ ခုနစ်ထောင်ကျပ်ဝန်းကျင်ကနေ စတင်ပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်တွေလည်းရနိုင်ပြီး ၃,၅၀၀ ကျပ်ဝန်းကျင်ကနေ စတင်ပါတယ်။

casamia3

ဆိုင်ဖွင့်ချိန်

————

မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

Sule Square #01-14,221 Sule Pagoda Road Yangon.

Phone 09964 348881

Facebook : @Casa Mia Italian Kitchen and Bar

Website – http://www.casamia.com.mm