BMB speaker နဲ့ sound device ၀ယ်ယူသူများအတွက် တန်ဆောင်တိုင် မေတ္တာလက်ဆောင်အစီအစဉ်

BMB 1

 

BMB international Corp.Japan ရဲ့ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်ယူထားတဲ့ Tri Treasure international Co.,Ltd – မျိုးသိန်း အီလက်ထရောနစ် မှ ရောင်းချလျက်ရှိတဲ့ BMB Karaoke Speaker ၊ Subwoofer ၊ Amplifier နဲ့  Sound Processor တွေကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၀ယ်ယူ တဲ့ Customer တွေကို မေတ္တာလက်ဆောင်အနေနဲ့  BMB အမှတ်တံဆိပ် T-Shirt နဲ့ ကျောပိုးအိတ်တွေ  လက်ဆောင်များ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။  ရန်ကုန်မြို့မှာရှိတဲ့ ပန်းဆိုးတန်း ၊ သိမ်ဖြူ၊ ဗိုလ်အောင်ကျော်လမ်းရှိ မျိုးသိန်း အီလက်ထရောနစ်ဆိုင်တွေနဲ့  မန္တလေးမြို့က မျိုးသိန်း အီလက်ထရောနစ် Audio Net တို့မှာ ၀ယ်ယူနိုင်တယ်လို့သိရပါတယ်။ လားရှိုးမြို့မှာဆိုရင်တော့  ကျားခေါင်း အီလက်ထရောနစ် နဲ့ မြစ်ကြီးနားမြို့မှာဆိုရင် မင်းခိုင် အီလက်ထရောနစ် တို့မှာ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။