BBQ Chicken Restaurant လေးဆိုင်မြောက်ဆိုင်ခွဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနား

1 2

Myanmar Culinary Holdings Co Ltd က ကိုရီးယားနိုင်ငံ BBQ Chicken Restaurant မှ Master Franchise ရယူပြီး ပထမဦးဆုံးမြန်မာပြည်ဆိုင်ခွဲဖြစ်တဲ့ BBQ Chicken Central Branch ကို ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ ၃၁ လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယမြောက်ဆိုင် ခွဲဖြစ်တဲ့ BBQ Chicken Ottarathiri Branch ကို နေပြည်တော်၊ ဥတ္တရသီရိမြို့ရှိ Ocean Supercenterမှာဖွင့်လှစ်ခဲ့ပြီး တတိယမြောက်ဆိုင်ခွဲကိုတော့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ Junction မော်တင်မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အခု လေးဆိုင်မြောက်ဖွင့်ပွဲအခမ်းအနားကိုတော့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Sein Gay Har Super Center မှာပြု လုပ်ကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ စာနယ်ဇင်းမီဒီယားများ၊ BBQ Chicken Restaurant မှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ၀န်ထမ်းများနဲ့အတူတကွ BBQ Chicken Restaurant ရဲ့ Managing Director တို့က ဖဲကြိုဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။ Discount အစီအစဉ်အနေနဲ့ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ မှ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့အထိ ကျပ်လေးသောင်းဖိုးနဲ့အထက် စားသုံးသူတွေကို 10% Duscount ရရှိနိုင်တဲ့ Member Card တွေကို စီစဉ်ပေးထားကြောင်းသိရပါတယ်။