နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်မှုအနုပညာပြပွဲ
မြန်မာ့ရိုးရာ အနုပညာနဲ့လက်မှုပညာပြပွဲကို နေပြည်တော်ရှိ မဏိရတနာခန်းမမှာ မေလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ မြန်မာ့ရိုးရာ လက်ရက်အ၀တ်အထည်၊ ချည်ထည်၊ ပိုးထည်၊ ကြာချည်ထည်၊ ငွေထည်၊ ယွန်းထည်၊ ရောင်စုံချည်ဖြင့်ပုံဖော်ထိုးထားတဲ့ ပန်းချီကား/အထည် တွေနဲ့ ရတနာပစ္စည်းတွေကို ခင်းကျင်းပြသခဲ့ပါတယ်။