Agenda (Event Planning & Management)

Agenda

Event Planning & Management

agendaevent1

လုပ်ငန်းတည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ် . . .

ရုံးခန်းက အမှတ် ၃၈၀၊ FMI Center ၊ အခန်း ၈၁၀၊ ၈ လွှာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် ၀၁ ၂၄၈၉၀၈ နဲ့ ၀၉ ၄၂၀၀၉၇၁၈၉ တို့ကို ဆက်သွယ်နိုင်ပါတယ်။

[email protected] ကနေလည်း ဆက်သွယ်နိုင်ပြီး Website ကတော့ www.agendamyanmar.com ဖြစ်ပါတယ်။

agendaevent2

လုပ်ငန်းစတင်ဖြစ်ပုံနဲ့ ရည်ရွယ်ချက် . . .

လုပ်ငန်းစတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ပြောင်းလဲတိုးတက်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ လိုအပ်နေတဲ့ Event Planning & Management တွေ ၊ Collaboration & Partnerships တွေ ၊ Public Relations Consultancy တွေအတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့်မားတဲ့ ဖန်တီးမှုတွေကို အစအဆုံးတာဝန်ယူ ဆောင်ရွက်ပေးဖို့ရည်ရွယ်ပြီး စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်ယူဆောင်ရွက်ပေးတဲ့ Service တွေ . . .

Event Planning & Management ၊ Collaboration & Partnerships ၊ Public Relations Consultancy စတဲ့ Service တွေကို ဘယ်လိုလုပ်ငန်းမျိုးအတွက်မဆို ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ ဖန်တီးပေးနေပါတယ်။ Agenda အနေနဲ့ အရည်အသွေးတစ်ခုတည်းကို ဦးစားပေးရုံမကဘဲအတူ လက်တွဲဆောင်ရွက်တဲ့ လုပ်ငန်းတွေကို Public Relations Services နဲ့ အချင်းချင်းအပြန်အလှန် ဆက်သွယ်ချိတ်ဆက်ပြီး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။

agendaevent3

အောင်မြင်စွာဆောင်ရွက်ပေးခဲ့တဲ့ Project တွေ . . .

Filmaid Asia ရဲ့ Inaugural Fundraising Gala Dinner ၊ Yangon Fashion Market ၊ Pun+Projects ရဲ့ A Yangon Visit New Year’s Eve Party ၊ Memory Film Festival Opening Cocktails ၊ Transit Shed No 1 Pop-Up Art Gallery and Retail Space ၊ The Great Gatsby Film Screening ပွဲတွေကို တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

agendaevent4

အနာဂတ်အစီအစဉ် . . .

အနာဂတ်အစီအစဉ်အနေနဲ့ ဒီဇင်ဘာလမှာကျင်းပမယ့် DJ Run Festival မှာ ပါဝင်ဆောင်ရွက်ပေးဖို့ ရှိနေပါတယ်။