London Cafe မိတ်ဆက်နဲ့ Brand Ambassador ခန့်အပ်ပွဲ

 004 

03 02

 

ပြည်တွင်းကော်ဖီမစ်ဈေးကွက်ထဲကို အသစ်ထပ်မံဝင်ရောက်လာတဲ့ London Cafe မိတ်ဆက်ပွဲနဲ့ Brand Ambassador ခန့်အပ်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်က ရန်ကုန်မြို့ရှိ Inya Lake Hotel မှာ ကျင်း ပခဲ့ပါတယ်။ အခမ်းအနားမှာ သင်ဇာကျော် Group of Companies ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးကျော်လှိုင်က အမှာစကားပြောကြားခဲ့ပြီး  Local Logestic Leader Co Ltd  ရဲ့ Business Development Director  ဖြစ်သူ ဒေါ်အေးကျော့မွန်က London Cafe ကော်ဖီအမျိုးအစားနဲ့ စိတ်ဝင်စားဖွယ်ကြော်ငြာအစီအစဉ်တွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။ အဲဒီနောက် London Café ရဲ့ Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင် စိုးသူနဲ့ အဆိုတော်မျိုးကြီးတို့ကို ခန့်အပ်ခဲ့ပါတယ်။ သင်ဇာကျော် Group of Companies ဟာ လွန်ခဲ့တဲ့ကိုးနှစ်ကနေစပြီး အသင့်သောက်သုံးနိုင်တဲ့ Powder Soft Drink  တွေဖြစ်တဲ့ C-Mix၊  O-Mix  အစရှိတဲ့ အမှတ်တံဆိပ် ၂၁ မျိုး ကို ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။