TRI STAR PHOTO STUDIO
ဆိုင်တည်နေရာ
အမှတ် – ၇၃၊ ပထမထပ်၊ YMBAအနီး၊ မိုးသီးဆေးခန်းရှေ့၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့ ၀၉- ၅၁၁၉၄၁၉၊ ၀၉-၇၃၂၀၃၇၉၁ ဖြစ်ပြီး Facebook မှာဆိုရင်တော့ www.facebook/pages/Tristar Photostudio ဖြစ်ပါတယ်။
ဆိုင်ဖွင့်ဖြစ်ခဲ့ပုံ
ဆိုင်အမှတ်တစ်အနေနဲ့ကတော့ လမ်း ၉၀ ထိပ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ မြေညီထပ်မှာ ဖွင့်ထားပါတယ်။ အခု ဒုတိယမြောက်ရေကျော်က ဆိုင်ကတော့ ပထမထပ်ဖြစ်ပေ မယ့် သွားေ
ရးလာရေးလည်း အဆင်ပြေတဲ့နေရာဖြစ်တာကြောင့် ဖွင့်ခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။
ရရှိနိုင်တဲ့ဝန်ဆောင်မှု
မင်္ဂလာဝတ်စုံငှားရမ်းခြင်း၊ လက်ဝတ်ရတနာငှားရမ်းခြင်း၊ မင်္ဂလာပွဲကြိုအလှပုံ၊ မော်ဒယ်အလှပုံ၊ ပြက္ခဒိန်အလှပုံ၊ မဂ္ဂဇင်းအလှပုံ၊ ဘွဲ့အလှပုံ၊ ရှင်ပြု၊ မင်္ဂလာဆောင်၊ မွေးနေ့အလှူမှတ်တမ်းတင်အမျိုးမျိုး၊ Web ဓာတ်ပုံ၊ Logo ဒီဇိုင်းရေးဆွဲခြင်း၊ MTV၊ Story ရိုက်ကူးခြင်း၊ ကြော်ငြာရိုက်ကူးခြင်း၊ Entertainment အမျိုးမျိုး စတဲ့ဝန်ဆောင်မှုတွေကို ဓာတ်ပုံကိုရဲမြင့်လွင်အပါအ၀င် ဓာတ်ပုံဆရာငါးဦးက Customer စိတ်တိုင်းကျစီစဉ်ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။
ဈေးနှုန်းသတ်မှတ်ချက်
မင်္ဂလာဝတ်စုံ၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေး၊ Pre-wedding ပုံပါဝင်မယ့် Package တစ်ခုဆိုရင် ဈေးနှုန်းက ခုနစ်သိန်းကနေစပြီး အများဆုံး ကျပ် ၁၅၀,၀၀၀ အထိ ရှိပါတယ်။ အလှူပွဲ၊ မွေးနေ့ပွဲတို့ဆိုရင် Customer တွေနဲ့ ဈေးနှုန်းညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အနာဂတ်အစီအစဉ်
တတိယမြောက် ခြေလှမ်းအနေနဲ့ တက္ကသိုလ်ရိပ်သာလမ်းမှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ TRI STAR မှ မချောချောက ပြောပြခဲ့ပါတယ်။