Nibban Electric & Electronics ရဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် အာဆီယံအင်ဂျင်နီယာဆိုင်ရာ ထူးချွန်ဆုရရှိခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပ

nibban1

nibban2

၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ထူးချွန်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (ကုန်ထုတ်လုပ်မှု) တတိယဆုနဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် အာဆီယံအဖွဲ့ချုပ်ညီလာခံမှာ အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ASEAN Outstanding Engineering Achievement Award for Year 2014 (for Local Design and Manufacturing of Appropriate Technology Products) ဆုတို့ ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုညစာစားပွဲကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်က ရန်ကုန်မြို့ ၊ Chatrium ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌ ဦးမြင့်ခိုင်တို့က ဂုဏ်ပြုအမှာစကားပြောကြားသွားပါတယ်။

nibban3