Holmen brand စက္ကူ တွေကို PAG (Myanmar) မှ မိတ်ဆက်

holmen1

holmen4

ဆွီဒင်နိုင်ငံ ၊ စပိန်နိုင်ငံတို့မှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ထားတဲ့ Holmen(Brand) ရဲ့ နောက်ဆုံးထုတ်ကုန် မိတ်ဆက်အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Rose Garden Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို Holmen (Brand) ရဲ့ ဖြန့်ချိရေး Cellmark မှ တာဝန်ရှိသူတွေ၊ ၂၀၁၃ ခုနှစ် ကတည်းက Holmen နဲ့ လက်တွဲခဲ့တဲ့ P.A.G (Myanmar) မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး P.A.G (Myanmar) ရဲ့ Managing Director ဦးကြည်မင်းက “Holmen ဟာ နိုင်ငံတကာဈေးကွက်ဝင် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဆွီဒင်နိုင်ငံ စက္ကူထုတ်လုပ်တဲ့ စက်ရုံကနေ တိုက်ရိုက်လာရောက် မိတ်ဆက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ သုံးနေတဲ့စာအုပ်ကို ကြည့်လိုက်ရင် အထူကြီးပေမဲ့ ကိုင်လိုက်ရင်တော့ ပေါ့ပေါ့လေးပါပဲ။ ဒီလိုအရည်အသွေးနဲ့ စက္ကူတွေကို နိုင်ငံတကာမှာ အသုံးပြုနေတာ နှစ်ပေါင်းများစွာကြာနေပေမဲ့ ကျွန်တော်တို့ဆီမှာတော့ အကြောင်းအမျိုးမျိုးကြောင့် တွင်တွင်ကျယ်ကျယ် မသုံးစွဲကြသေးပါဘူး။ အခု Open Market ဖြစ်သွားတဲ့အခါ နိုင်ငံတကာမှာ သုံးနေသလိုမျိုး၊ ပြည်တွင်းမှာလည်း ဈေးနှုန်းသက်သာစွာနဲ့ သုံးလို့ရအောင် ဒီနေ့မိတ်ဆက်ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ Newsprint, Book Paper တွေကို ဂရမ်အမျိုးမျိုး၊ Brightness အမျိုးမျိုးနဲ့ စက္ကူတွေရနိုင်ပြီး  အရောင်က မျက်လုံးကို အထောက်အကူဖြစ်စေတဲ့ Yellowish အရောင်ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကို Ph-01-9010244, 09-5059584 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

holmen2

holmen3