MCV ရဲ့ Night Bazaar On Air ဈေးပွဲတော်နှင့် ဖျော်ဖြေပွဲ

Night 2

Night Bazaar On Air (လဟာပြင်ညဈေးတန်း) လို့ အမည်ပေးထားတဲ့ ဈေးပွဲတော်နဲ့ ဖျော်ဖြေပွဲကို Myanmar Culture Valley မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေစပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ ဈေးရောင်းပွဲနေ့ရက်တွေအတွင်းမှာ နေ့စဉ် ညနေ ၄ နာရီကနေ ၉ နာရီထိ ဖွင့်လှစ်ထားတာဖြစ်တဲ့ ဒီပွဲမှာ Main Sponsor အဖြစ် 100Plus က အားဖြည့်ထားတာဖြစ်ပါတယ်။ လဟာပြင်ညဈေတန်းမှာ အလှကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ခင်းကျင်းပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်တွေအဖြစ် ကျောက်ဆည်ဆင်အက၊ ရုပ်သေးပွဲ၊ ခြင်းလုံးအလှခတ်ပြသပွဲ၊ တိုင်းရင်းသားရိုးရာအကအလှ၊ မြန်မာ့ရိုးရာအကအလှတွေ၊ မျက်လှည့်နဲ့ ပျော်ရွင်ဖွယ်ဂိမ်းအစီအစဉ် စတာတွေလည်း ပြုလုပ်လျှက်ရှိပါတယ်။