Chevrolet ကား Showroom သစ်မိတ်ဆက်ပွဲ
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁ရက်က မြန်မာနိုင်ငံမှာ ချက်ဗလက်လို့ လူသိများပြီး နိုင်ငံတကာမှာလည်း နာမည်ကြီး လူကြိုက်များတဲ့ Chevrolet ကား Show Room သစ်မိတ် ဆက်ပွဲ နဲ့ အာရှမှာ People’s Car of Asia ဆုကို ရရှိထား တဲ့Chevrolet Spin ကားမော်ဒယ်သစ် မိတ်ဆက်ပွဲ ကို အမှတ် ၂၄၂၊ အထက်ပုဇွန်တောင်လမ်း မင်္ဂလာတောင် ညွှန့်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် Chevrolet ကားကုမ္ပဏီရဲ့ မြန်မာနိုင်ငံ တရား ၀င်ဖြန့်ချိရေး ကိုယ်စားလှယ်ဖြစ်တဲ့ Pacific Alpine Myanmar ရဲ့ CEO ဖြစ်သူ ဦးဇော်မိုးခိုင်မှ One World Futbol လှူဒန်းခြင်း အကြောင်းများကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ Chevrolet Myanmar ဟာ Chevrolet အမှတ် တံဆိပ်ပါ ဘောလုံးပေါင်း ၂၀၀၀၀ ကျော်ကို မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ကျောင်းပေါင်း ၄၀၀ ကျော်ကို လှူဒန်းသွားမှာ ဖြစ်ပြီး မော်တော်ကား အင်ဂျင် အလုံး ၃၀ နဲ့ ဂီယာ ဘောက် ၁၀စုံတို့ကိုလည်း မြန်မာနိုင်ငံ အနှံ့ရှိ နည်းပညာ တက္ကသိုလ် ၁၀ခုကို စိစစ် ရွေးချယ်ပြီး လှူဒန်းသွားမှာ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။
Chevrolet ကားတွေ နဲ့ ပတ်သက်လို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၁၉၀၀၀၆၂၁ နဲ့ www.chevrolet.com.mm မှာ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။