မောင်မောင်လှမြင့် The Wet Canvas Solo Art Exhibition စတင်ကျင်းပ
စက်တင်ဘာလ ၁၅, ရန်ကုန် – The Yangon Gallery က စီစဉ်တဲ့ Monsoon Art Festival ရဲ့ နောက်ဆုံး program တစ်ခုဖြစ်တဲ့ ဆရာ မောင်မောင်လှမြင့်ရဲ့ The Wet Canvas Solo Art Exhibition ဖွင့်ပွဲကို ဒီနေ့ညနေက The Yangon Gallery မှာ ကျင်းပခဲ့ပါတယ်။ ရေဆေးပန်းချီတွေကို ပြသခဲ့တာဖြစ်တဲ့ ဒီပြပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ၂၂ ရက်နေ့အထိ public ကို ဖွင့်လှစ်ပြသသွားမှာဖြစ်ပါတယ်။