T-Club နဲ့ Lifestyle Cover Model ရွေးချယ်ပွဲကျင်းပ
T- Club နဲ့ Lifestyle Magazine တို့ရဲ့ မျက်နှာဖုံးရှင်ရွေးချယ်ပွဲကို စက်တင်ဘာ ၁၃ ရက်နေ့က Ocean Super Centre (Shwe Gone Dine) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ အနုပညာစိတ်ဝင်စားသူလူငယ်တွေရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသဖို့ အလှအပပိုင်းဆိုင်ရာတာဝန်ယူပေးခဲ့တာက ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Revlon မှဖြစ်ပြီး ဆန်းသစ်မှုအပြည့်နဲ့အားဖြည့်ရိုက်ကူးပေးခဲ့သူတွေကတော့ ဓာတ်ပုံ မိုးမင်း(Rays) နဲ့အဖွဲ့သားတွေပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်ပေါင်း ၁၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ တဲ့ဒီပွဲ ဟာ Photo Modelling ကို စိတ်ဝင်စားတဲ့ လူငယ်လေးတွေရဲ့အစွမ်းပြချက်တွေနဲ့ သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။