ကိုရီးယားထုတ်ကုန်တွေကို တစ်စုတစည်းတည်း ပြသခဲ့တဲ့ Korea Expo 2014
ကိုရီးယားနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်း ပြသထားတဲ့ Korea Expo 2014 ကုန်စည်ပြပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ ကျင်းပ ခဲ့ပါတယ်။ အဲဒီပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေနဲ့အတူ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြပွဲမှာ ကိုရီးယားနိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ LG,SamSung စတဲ့ အီလက်ထရောနစ်ပစ္စည်းများ ၊ အလှကုန်ပစ္စည်းများ ၊ ဆေးဝါးပစ္စည်းများ ၊ အ၀တ်အထည်များ ၊ ဖန်စီပစ္စည်းများ၊ စားသောက်ကုန်များ စတဲ့လုပ်ငန်းပေါင်း ၃၀ ခန့်က၀င်ရောက်ကာ ပြသခဲ့တာဖြစ်ပါတယ်။