စိန်ဂေဟာမိသားစုရဲ့ CSR လှုပ်ရှားမှု လှူဒါန်းပွဲ
စိန်ဂေဟာမိသားစုက ၂၀၁၄ ခုနှစ် ဇွန်လ ၈ ရက်မှာ ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာကို အ၀တ်အစား ဆန်၊ ဆီနဲ့ ကလေးတွေအတွက် အသုံးအဆောင် ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့သလို ဇွန်လ ၉ ရက်နေ့မှာလည်း တောင်ဒဂုံမြို့နယ်မှာရှိတဲ့ မင်္ဂလာစိန်ပန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးတွေကို စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ထမင်းဗူး၊ ရေဗူးနဲ့ အာဟာရပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါက စိန်ဂေဟာမိသားစုနဲ့ Customer များရဲ့ ဒုတိယအကြိမ်လှူဒါန်းမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ အမေ့အိမ်ပညာဒါနကျောင်းကိုလည်း သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။