၂၀၁၃ ခုနှစ် အာရှတိုက်က ထင်ရှားသူအဖြစ် တရုတ်နဲ့ ဂျပန် ခေါင်းဆောင်နှစ်ဦးကို ရွေးချယ်

ဂျပန်ဝန်ကြီးချုပ် Shinzo Abe

ဂျပန်ဝန်ကြီးချုပ် Shinzo Abe

တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping

အရှေ့တောင်အာရှမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ စောင်ရေအများဆုံး သတင်းစာတစ်စောင်ဖြစ်တဲ့ စင်ကာပူနိုင်ငံက The Straits Times သတင်းစာက ၂၀၁၃ ခုနှစ် အာရှတိုက်က ထင်ရှားသူတွေအဖြစ် အသက် ၆၀ အရွယ်၊ တရုတ်သမ္မတ Xi Jinping နဲ့ အသက် ၅၉ နှစ်အရွယ်၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ကို ဒီဆုအတွက် ရွေးချယ်ခဲ့တာဖြစ်ပေမဲ့ အခုနှစ်မှာတော့ ခေါင်းဆောင်နှစ်ဦးကို ပူးတွဲရွေးချယ်ဖို့ အယ်ဒီတာတွေက ဆုံးဖြတ်ကြေညာလိုက်တာ ဖြစ်ပါတယ်။

Ref: AP