1st Myanmar Bartenders’ Competition 2014

MRA

မြန်မာနိုင်ငံစားသောက်ဆိုင်များအဖွဲ့(Myanmar Restaurant Association) MRA က ကြီးမှူးပြီး  1st Myanmar Bartenders’ Competition ကို ဇွန်လ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့တွေမှာ Inya Lake Hotel ၀င်းအတွင်းမှာရှိတဲ့ DJ’s BAR မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆုတွေအနေနဲ့ ပထမဆုကို ငါးသိန်းကျပ်၊ ဒုတိယဆုကို သုံးသိန်းကျပ်၊ တတိယဆုကို နှစ်သိန်းကျပ် တို့အပြင် အသိအမှတ်ပြုလက်မှတ်နဲ့ လက်ဆောင်တွေလည်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုနဲ့ ဒုတိယဆုရရှိသူတို့ဟာ ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ MCC မှာကျင်းပမယ့် 11th AHRA/ASEAN Bartenders’ Championship 2014 ပွဲ Final ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယဆုရရှိသူကလည်း Championship ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဦးမှာပါ။ ပြိုင်ပွဲအတွက် လျှောက်လွှာတွေကိုတော့ Monsoon Restaurant & Bar ၊ အမှတ် ၈၅/၈၇ ၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ Padomar Restaurant ၊ အမှတ် ၁၀၅-၁၀၇ ၊ ခရေပင်လမ်း၊ ဒဂုံမြို့နယ်၊ Myanmar Restaurant Association (MRA) အမှတ် ၄၀/၄၂ ၊ ၅လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းပဲတန်းမြို့နယ်တို့မှာ ရယူနိုင်ပါတယ်။ လျှောက်လွှာပိတ်ရက်ကတော့ မေလ ၂၀ ရက်နေ့ဖြစ်တယ်လို့ သိရပါတယ်။