အသည်းရောဂါသည်များအတွက် ၀ိတိုရိယဆေးရုံရဲ့ အထူးအစီအစဉ်

ZAR & ZAR Co Ltd ရဲ့ ဦးစီးမှုဖြင့် ၀ိတိုရိယဆေးရုံနဲ့ အိန္ဒိယနိုင်ငံ Global Hospital Group ဆေးရုံတို့ ပူးပေါင်း၍ အသည်းနဲ့ပန်ကရိယ( သရက်ရွက်)၊ အဆုတ်ရောဂါလူနာများအတွက် တိုင်ပင်ဆွေးနွေး နိုင်မယ့်အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ရန်ကုန်မြို့၊ တော်ဝင်လမ်းရှိ ၀ိတိုရိယဆေးရုံတွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်မှာ Global Hospital Group ရဲ့ Senior Consulantant ဖြစ်သူ ဒေါက်တာ Joy Varghese နဲ့ အဖွဲ့က  မနက် ၉ နာရီကနေ ၁၂ နာရီအတွင်း လူနာများကို ၀ိတိုရိယဆေးရုံမှာ စမ်းသပ်ဆွေးနွေးပေးသွားမယ်လို့ သိရပါတယ်။ အသေးစိတ်သိလိုပါက ၀ိတိုရိယဆေးရုံကြီး ဖုန်းနံပါတ် ၀၁ ၉၆၆၆၁၄၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။