အစားကောင်းကောင်းကိုကြိုက်ပြီး အေးဆေးစွာ အချိန်ကုန်ချင်သူများအတွက် Born in Japan

အစားအသောက်ကောင်းကောင်းကြိုက်တတ်ပြီး ဟင်းချက်ရတာကိုလည်း ဝါသနာပါတဲ့ ညီအစ်ကို ၄ ယောက်ပေါင်းပြီး ဖွင့်ထားတဲ့ ဒီဆိုင်လေးက သက်သောင့်သက်သာရှိပြီး အေးဆေးနွေးထွေးတဲ့ ခံစားမှုကို ပေးပါလိမ့်မယ်။ Born in Japan စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင်တော့ ၃ နှစ် ရှိပြီဖြစ်တယ်လို့ ကိုခွန်ဇော်ထက်က ဆိုင်အကြောင်းရှင်းပြရင်း ပြောပြခဲ့ပါတယ်။

ရနိုင်တဲ့အစားအစာတွေ…

ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ Menu မရှိတာပါပဲ။ များသောအားဖြင့် ဆိုင်မှာရှိတဲ့ အမဲ၊ ဝက်၊ ကြက်၊ ငါး စတာတွေပေါ်မူတည်ပြီး မိမိနှစ်သက်ရာနဲ့ ရနိုင်တဲ့ဟင်းပွဲတွေကို မေးမြန်းမှာယူရတာပါ။ အသုပ်တွေလည်း ရပါတယ်။ နာမည်ကြီးပြီး လူကြိုက်များတာတွေလည်းရှိပါတယ် … ဝက်နံရိုး (ဆားလေးနဲ့ကင်ကြော်လေး)၊ ဝက်နို့အုံ၊ ဝက်အူ ပိတ်၊ အမဲလျာ၊ အမဲကြောဟင်းရည် (ချဉ်စပ်လေး)၊ ကက တစ်ငါး (ဆား၊ သံလွင်ဆီတို့နဲ့ ပြင်ဆင်ထားတဲ့ဟင်းပွဲ)၊ ကြက်ခါရာဂယ် (Chicken Karaage)၊ ပြည်ကြီးငါး (ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ ငရုတ်ကောင်း၊ ဆားတို့နဲ့ ပြင် ဆင်ထားတဲ့ဟင်းပွဲ)၊ ကြက်ပေါင်း (တစ်ရက်ကြိုမှာရပါ တယ်) … စသဖြင့် ရှိပါတယ်။ ခေါက်ဆွဲကြော်၊ ထမင်း ကြော်၊ လက်ဖက်ထမင်း၊ ထမင်းဆီဆမ်း၊ ခေါက်ဆွဲပြုတ် … စတာတွေလည်းရပါတယ်။

မြန်မာအများစု ခံတွင်းတွေ့မယ့်အရသာမျိုးဖြစ်အောင် ဟင်းပွဲတော်တော်များများကို ပြုလုပ်ပေးထားပါ တယ်။ ဟင်းခတ်အမွေးအကြိုင်တွေ အများကြီးမသုံးပါဘူး။ တတ်နိုင်သမျ ရိုးရှင်းပြီး ကျန်းမာရေးနဲ့ကိုက်ညီ အောင်ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေများပါတယ်။

ဟင်းပွဲတွေရဲ့ဈေးနှုန်းတွေ…

ဒီက ဟင်းပွဲတွေရဲ့ဈေးနှုန်းတွေကတော့ အနည်းဆုံး ၅၀၀၀ ကျပ်ဝန်းကျင်ကနေ အများဆုံး ၂၀၀၀၀ ကျပ် ဝန်းကျင်ဖြစ် ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ပွဲကို ၈၀၀၀ ဝန်းကျင်နှုန်း ဟင်းပွဲတွေကပိုများပါတယ်။

ယမကာပိုင်း…
ဘီယာ၊ ဝိုင်နဲ့ Single Malt ဝီစကီတွေရပါတယ်။ Soda , Gin, Tonic စတာတွေရှိတော့ Soda နဲ့ Tonic Water နဲ့ သံပုရာ သီးလေးနဲ့ စပ်ချင်တယ်ဆိုတာမျိုးလေးတွေ လုပ်ပေးပါ တယ်။ Cocktail, Mocktail တွေမရှိပါဘူး။ မိမိဘာသာ အပြင်က ပုလင်းယူလာရင်တော့ ၅၀၀၀ ကျပ် ကောက်ခံ ပါတယ်။

တခြားဝန်ဆောင်မှုများ….

ဒီမှာက အပေါ်ထပ်နဲ့ အောက်ထပ် နှစ်ထပ်ရှိပါတယ်။ လူ ၄၀ ဝန်းကျင်လောက်ဆံ့တာကြောင့် မွေးနေ့ပွဲနဲ့ တခြားသော ပျော်ပွဲရွှင်ပွဲလေးတွေလည်း လုပ်လို့ရပါ တယ်။ အပေါ်ထပ် တစ်ထပ်လုံးကိုလည်း ပွဲတစ်ခုခုအ တွက် ငှားတယ်ဆိုရင် Room Charges အနေနဲ့ ညနေခင်း တစ်ခုလုံးစာကို ၈၀၀၀၀ ကျပ်ယူပါတယ်။ ဒါပေမဲ့ အစား အသောက်မှာယူမှုက ကျပ်သုံးသိန်းကျော်သွားရင်တော့ Room Charges ကိုမယူတော့ပါဘူးလို့ ဆိုပါတယ်။

ဆိုင်ဖွင့်ချိန်…

နေ့စဉ် ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ Kitchen ကတော့ ည ၉နာရီ ၅၀ လောက်ဆိုရင် ပိတ်ပါ တယ်။

လိပ်စာ
အမှတ် ၄၂(ဒီ) ၊ တကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့

ဖုန်း – ၀၁၅၄၆၃၇၈