ပွင့်သစ်စစီမံကိန်းအစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ

pts

Myanmar Centre for Responsible Business (MCRB) ရဲ့ ပွင့်သစ်စစီမံချက် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ရဲ့ ဒါရိုက်တာ Ms Vicky Bowman က ပွင့်သစ်စစီမံချက်နဲ့ပတ်သက်ပြီး ပြောဆိုရှင်းလင်းသွားပါတယ်။

ပွင့်သစ်စအစီရင်ခံစာက အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင် (HSE) တွေအတွက် လုပ်ငန်းပမာဏကြီးမားတဲ့ မြန်မာကုမ္ပဏီ ၁၀၀ ရဲ့ Corporate Website တွေကို လေ့လာဆန်းစစ်ခြင်းဖြစ်ပြီး ယခုအစီရင်ခံစာက တတိယအကြိမ်မြောက်ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်တယ်လို့ပြောသွားပါတယ်။