တန်ဖိုးနည်းအိမ်ရာ ဆွေးနွေးပွဲကျင်းပ

တန်ဖိုးနည်းအိမ်ရာဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ ရက်က ရန်ကုန်မြို့ရှိ International Business Center (IBC) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲကို House.com.mm က တတိယအကြိမ်မြောက် ကြီးမှူးကျင်းပတာဖြစ်ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ UN-habitat က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မြန်မာ့အိမ်ခြံမြေကဏ္ဍအသီးသီးရဲ့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေ၊ တတ်သိပညာရှင်တွေ တတ်ရောက်ခဲ့ပြီး တန်ဖိုးနည်းအိမ်ရာဖော်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး အနာဂတ်မှာ ဘယ်လောက်ဆောင်ရွက်သွားသင့်တယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

lowpricehouse

House.com.mm ရဲ့ Cofounder နဲ့ Managing Director ဖြစ်သူ Nitesh Khirwal က လာမယ့် အောက်တိုဘာလ ၂၁ ရက်ကနေ ၂၃ ရက်မှာ ၂၀၁၆ ခုနှစ် တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တို့နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ MICT Park မှာ ကျင်းပသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။