တရုတ်နိုင်ငံမှာ သတင်းကြေညာတဲ့ စက်ရုပ်လူသားကိုပွဲထုတ်လိုက်ပြီ

maxresdefaultတရုတ်နိုင်ငံမှာ အစိုးရသတင်းများကို သတင်းကြေညာသူတွေဟာ စက်ရုပ်ကို ကြေညာနေခဲ့ကြရတာ ကြာပါပြီ။

အခုအခါမှာတော့ တကယ့်စက်ရုပ်တွေက လူသားတွေကို သတင်းကြေညာသွားတာကို စတင် ပွဲထုတ်လိုက်ပါပြီ။ ဒါဟာ ကမ္ဘာမှာပထမဦးဆုံးလို့ ဆိုတယ်။ တကယ် လူသားစင်စစ်သတင်းကြေညာသူ နှစ်ဦးရဲ့ ရုပ်အဆင်းနဲ့ အသွင်တူ အောင်ပြုလုပ်ထားတဲ့ အဲဒီစက်ရုပ် လူသားတွေဟာ သူတို့ထဲကို ထည့် သွင်းထားတဲ့ သတင်းတွေကို လူစင် စစ်က ပါးစပ်လှုပ်ပြီး ဖတ်ပြသွားမှာ ဖြစ်တယ်။ တစ်ခုက အင်္ဂလိပ်လို၊ ကျန်တစ်ခုက စက်ရုပ်လို ကြေညာ မှာဖြစ်တယ်။

တရုတ်ဟာ ပြီးခဲ့တဲ့နှစ်က အလားတူစက်ရုပ်တွေကို ကဏ္ဍမှာ ခေါင်းဆောင်အဖြစ် တီထွင်ထုတ်လုပ်သွားဖို့ အစီအစဉ်တွေကို ဖော်ထုတ်ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆက်ဆံရေးမှာ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် လေသံနည်း နည်းလျော့ခဲ့တယ်။ အမေရိကန်သမ္မတထရမ့်ပ်က တရုတ်ဟာ အမေရိကန်ရဲ့ နည်းပညာတွေကို ခိုးချနေတယ်လို့ စွပ်စွဲပြောဆိုခဲ့တယ်။

လောလောဆယ်မှာတော့ ဒီစက်ရုပ်တွေဟာ အဆင့်မမြင့်သေးဘူး။ အဆင့်မြင့်စက်ရုပ်တွေကတော့ သူတို့ဘာသာ တွေးတောကြံဆနိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်။

Video ကြည့်ရန် -  https://bit.ly/2RZ4iqm