CommuniCast Myanmar 2014

Communicast feature 222 Mobile ၊ Telecommunication နဲ့ Satellite လုပ်ငန်းများ ပါဝင်ပြသကြတဲ့ CommuniCast Myanmar 2014  ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိပါတယ်။ အဲဒီပြပွဲကို Allworld Exhibitions Alliance ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Bangkok Exhibition Services Ltd က စီစဉ်ကျင်းပတာဖြစ်ပါတယ်။ ပွဲမှာ နိုင်ငံပေါင်း ၂၂  နိုင်ငံကသက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှ ကုမ္ပဏီပေါင်း ၉၀ ကျော်ပါဝင်ပြသထားပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ပွဲကို သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီပွဲကိုCommuniCast Myanmar မှာ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ CommuniCast 10 Mr. Justin Pau General Manager Bangkok Exhibition Services Ltd   ပွဲအကြောင်းနဲ့ပတ်သက်ပြီး စာဖတ်ပရိသတ်ကို ရှင်းပြပေးပါဦ။ ဒီပွဲက telecommunication ၊ IT solution တွေနဲ့ Satellite နဲ့ပတ်သက်တာတွေအတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်တာဖြစ်သလို မြန်မာဈေးကွက်အတွက်ရည်ရွယ်တဲ့ နိုင်ငံတကာကုန်သွယ်မှုပြပွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို နေ့စဉ် မနက် ကိုးနာရီကနေ ညနေ ၅ နာရီအထိ သုံးရက်ပြသသွားမှာဖြစ်ပြီး ပထမနေ့မှာတော့ ပြပွဲနဲ့အတူ ကုမ္ပဏီတွေရဲ့ မိတ်ဆက်မှုအစီအစဉ်တွေ၊ ဒုတိယနေ့မှာ ပြပွဲနဲ့အတူ Myanmar Satellite Forum ကိုလည်း ပူးတွဲကျင်းပသွားမှာဖြစ်ပါတယ်။ တတိယနေ့မှာတော့ ပြပွဲနဲ့အတူ Menandar University Mobile Management Seminar တွေကိုလည်း ပူးတွဲကျင်းပသွားမှာပါ။ ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ CommuniCast Myanmar ကိုလာရောက်တဲ့အခါ telecommunication industry ကိုလေ့လာနိုင်သလို၊ အဲဒီလုပ်ငန်းနယ်ပယ်ထဲမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီပြပွဲကို နိုင်ငံရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းက အကျိုးပြုဖို့အတွက် ရည်ရွယ်ကျင်းပြတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးဖို့နဲ့ သူ့စီးပွားရေးဖွံ့ဖြိုးဖို့ အတွက် နည်းပညာက အရေးပါပါတယ်။ အဲဒီ အရေးပါတဲ့ နည်းပညာဆိုတာကလည်း cable တွေ၊ network တွေလို သူ့ကိုအထောက်အပံ့ဖြစ်စေမယ့် နည်းပညာအခြေခံအဆောက်အအုံလိုအပ်ပါတယ်။ ပြီးတော့ ဒါက တစ်ဆင့်ပြီးတစ်ဆင့်သွားရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမဲ့လည်း ဒီလုပ်ငန်းစဉ်မှာ တစ်ခုပြီးမှ တစ်ခုသွားစရာမလိုဘဲ တပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။ အခု ဒီမှာ ဆက်သွယ်ရေးကွန်ရက်တွေက နိုင်ငံတစ်ဝန်းရောက်ရှိအောင်ထိ အလွန်မြန်ဆန်စွာ ကြီးထွားလာနေတယ်၊ တိုးတက်လာနေတယ်၊ ချဲ့ထွင်လာနေတယ်ပါတယ်။ အခု ပြပွဲမှာ Software နဲ့ပတ်သက်တာ၊ App တွေနဲ့ပတ်သက်တာကိုလည်း ထည့်သွင်းပြသထားတာကို တွေ့ရမှာပါ။ အခု ပြပွဲမှာ ပြသထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ သူတို့တွေက ထုတ်လုပ်ထားတဲ့ software ၊ app စတာတွေအားလုံး အလုပ်လုပ်ဖို့ အခြေခံအဆောက်အအုံတွေလိုအပ်တာပါ။ ပြပဲကိုလာရောက်လေ့လာကြည့်မယ်ဆိုရင် စီးပွားရးဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ ပွဲလေးတွေကိုလည်း တွေ့ရမှာဖြစ်တာကြောင့် နောက်ဆုံးပေါ် နည်းပညာတွေကိုေ့လလာနိုင်သလို၊ ဒီနယ်ပယ်ထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုရော တွေ့မြင်နိုင်မှာဖြစ်ပါတယ်။   နေပြည်တော်နဲ့ မန္တလေးတို့လိုမြို့တွေမှာရော ဒီလိုပြပွဲစီစဉ်သွားဖို့ ရှိပါသလား။ ရန်ကုန်ကမြန်မာနိုင်ငံအတွက် စီးပွားရေးအချက်အချာတစ်ခုဖြစ်တာကြောင့် ဒီမှာပဲလုပ်သွားမှာပါ။ အခုလောလောဆယ်တော့ နောက်နှစ်အတွက်လည်း ရန်ကုန်မှာပဲ ထပ်မံပြုလုပ်သွားဖို့ အစီအစဉ်သွား ရှိပါတယ်။   သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာနယ်ပယ်နဲ့ နည်းပညာအခြေခံအဆောက်အအုံတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ အချိန်ဘယ်လောက် ယူရဦးမယ်လို့ ထင်ပါသလဲ။ ဒါက စိတ်ဝင်စားစရာပါပဲ။ ဘာလို့လည်းဆိုတော့ အိမ်နီးနားချင်းနိုင်ငံတွေက ဒီနယ်ပယ်မှာအတော်လေး ခရီးပေါက်နှင့်ပြီးသားဖြစ်သလို၊ အဆင့်မြင့်ပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကာလအတွင်း လာရောက်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ် ကျွန်တော်ပထမဆုံးအကြိမ်ရောက်ခါစမှာ မြန်မာနိုင်ငံရဲ့ mobile networking ကဏ္ဍက နုနယ်အရွယ်မရောက်သေးတဲ့အချိန်လို့ ပြောလို့ရပါတယ်။ အခုဒီနှစ်နှစ်ခွဲကာလအတွင်းမှာ အပြောင်းအလဲတွေအများကြီးဖြစ်ပျက်ခဲ့ပြီးပါပြီ။ အခုဆိုရင် Operator ၃ဦးရှိနေပြီးဖြစ်သလို သူတို့ထဲက နှစ်ခုကလည်း နိုင်ငံခြားကုမ္ပဏီတွေဖြစ်ပါတယ်။ ပြီးတော့ တခြား operator တွေလည်း ထပ်ထွက်ပေါ်လာဦးမှာပါ။ အခုအချိန်မှာ နည်းပညာက တည်ရှိနေပြီဖြစ်တာကြောင့် အပြောင်းအလဲတွေက ဒီထက်မြန်မြန်ဖြစ်ပေါ်လာနိုင်စရာရှိပါတယ်။ အချိန်အတိုင်းအတာကို ပြောရမယ်ဆိုရင်တော့ နောက်ငါးနှစ်တာကာလအတွင်းမှာ ကျွန်တော့်အထင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ၊ အမြန်နှုန်းနဲ့ telecommunication network တွေရဲ့စွမ်းဆောင်ရည်က ပိုပြီး ကြီးထွားလာမယ်လို့ ထင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး၊ cost-effective ဖြစ်တဲ့၊ လက်ခံနိုင်လောက်တဲ့ telecommunication platform ကိုရဖို့ဆိုရင် အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အချိန်ယူရပါလိမ့်မယ်။   မြန်မာနိုင်ငံရဲ့ mobile payment ကဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။ Mobile Payment နဲ့ပတ်သက်ပြီးပြောရရင်တော့ အခုလောလောဆယ် ဒါကိုတွန်းပြီးကြိုးစားနေတဲ့နိုင်ငံ နှစ်နိုင်ငံက ဆွီဒင်နဲ့ အမေရိကန်ပဲရှိပါသေးတယ်။ အမေရိကန်မှာတောင်မှ Apple Pay လို mobile payment တွေက အသစ်အနေနဲ့ ထွက်လာနေတုန်းပဲရှိပါသေးတယ်။ နိုင်ငံတိုင်းလိုလိုက Mobile Payment နဲ့ပတ်သက်လို့ ကြိုးစားနေကြတုန်းပါပဲ။ ဒါပေမဲ့မြန်မာနိုင်ငံကတော့ ပိုပြီး cash-based ဖြစ်တဲ့ လူမှုအသိုင်းအဝိုင်းပါ။ ဒါကြောင့် ကျွန်တော့်အထင်တော့ Mobile Banking က မြန်မာနိုင်ငံမှာ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးလာလိမ့်မယ်လို့ မထင်ပါဘူး။ အနာဂတ်မှာတော့ ဖြစ်လာနိုင်ပေမယ့် အတော်လေးအချိန်လှမ်းပါသေးတယ်။ ပြီးတော့ ဒီလိုမျိုး mobile banking ကိုအထောက်အကူပြုဖို့ telecommunication network တွေ၊ အခြေခံအဆောက်အအုံတွေလိုအပ်ပါတယ်။ အရင်ဆုံး IT solution တွေ၊ telecommunication network တွေ၊ internet နဲ့ပိုပြီး ချိတ်ဆက်လာနိုင်ရမယ်၊ ISP တွေ ပိုရှိလာရမယ် ... ဒါတွေ အရင်လိုအပ်ပါတယ်။ CommuniCast 14 CommuniCast 5 CommuniCast 17 CommuniCast 16 CommuniCast 15 CommuniCast 13 CommuniCast 12 CommuniCast 11  CommuniCast 9 CommuniCast 8 CommuniCast 4 CommuniCast 3 CommuniCast 2 CommuniCast 6 CommuniCast 7