၂၀၁၄ခုနှစ် နိုဝင်ဘာလ ၈ရက်က အမေရိကန် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Boeing နဲ့ Air Mandalay တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် နားလည်သဘောတူညီ မှု လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ဆူးလေ Shangri-La မှာ ကျင်းပခဲ့ပါတယ်။ အဖွင့်အမှာစကားကို မြန်မာနိုင်ငံလေကြောင်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Air Mandalay မှ Chairman ဦးကျော်မြင့်က ပြောကြားပေးခဲ့ပြီး Air Mandalay ရဲ့ Principle Mr Adam Htoon နဲ့ Boeing Southeast Asia ရဲ့ President Mr Skip Boyce တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Air Mandalay လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၆ ရက်က စတင်ပြေးဆွဲခဲ့ တာဖြစ်ပြီး လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့နဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ဆောင်ရွက်သွားနိုင်ဖို့အပြင် နည်းပညာအကူအညီတွေ ရရှိနိုင်ဖို့အတွက် Boeing Company နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တာဖြစ်ကြောင်းသိရပါတယ်။


