advertisement-image
Health

ဆယ်ကျော်သက်ကျောင်းသားတစ်ယောက် တည်ထောင်တဲ့ Website Covid-19 နဲ့ပတ်သက်တဲ့ သတင်းအရင်းအမြစ် (Resource) တစ်ခုဖြစ်လာ

အသက် ၁၇ နှစ် ကျောင်းသားတစ်ယောက် တည်ထောင် ထားတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဟာ Covid-19 နဲ့ပတ်သက်ပြီး Internet ပေါ်မှာ လတ်တလော လူကြည့်များတဲ့ Website တစ်ခုဖြစ်လာပြီး သတင်းမီဒီယာတွေအတွက် အရေးပါတဲ့ သတင်းအရင်းအမြစ် Site တစ်ခုဖြစ်နေပါတယ်။ ဝါရှင်တန်၊ စီတယ်လ်မြို့မှာ နေထိုင်တဲ့ Avi Schiffmann ဆိုသူဟာ အသက် ၁၇ နှစ်သာ ရှိသေးပြီး အထက်တန်းတက်ရောက်နေသူတစ်ယောက်ပါ။ သူဟာ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန် ဒီဇင်ဘာလက CoV2019.live ဆိုတဲ့ Website ကို တည်ထောင်ပြီး Coronavirus နဲ့ပတ်သက်တဲ့ ကူးစက်ခံရသူအရေအတွက်၊ လူသေဆုံးမှု၊ ရောဂါပြန့်ပွားတဲ့နိုင်ငံတွေနဲ့ မြေပုံတွေကို သူ့ရဲ့ Site မှာ မိနစ်တိုင်း Up-to-Date အမြဲတင်ပေးနေတာဖြစ်ပါတယ်။ Corona Virus နိုင်ငံတကာကို […]
Posted On March 19, 2020, By CEO Editors

Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ၂၀၂၀ အရှေ့အာရှရဲ့ GDP တိုးတက်မှုနှုန်းဟာ ၄.၂ ရာခိုင်နှုန်းအထိကျဆင်းဖွယ်

Covid-19 ဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုတိုးပွားလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းများဒေသတွင်းနဲ့နယ်စပ်ကုန်စည်စီးဆင်းမှုများစွာကို ထိခိုက်စေတဲ့အပြင် အိမ်ထောင်စုများရဲ့ငွေကြေးသုံးစွဲမှုများလည်းကျဆင်းလာပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှအတွင်းရှိ စီးပွားရေးတိုးတက်မှုနှုန်းဟာ တစ်စတစ်စနှေးကွေးလာပြီး ၂၀၂၀ ပြည့်နှစ်မှာ ၄.၂ ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ Charteret အစာရင်းကိုင်အဖွဲ့အစည်း ICAEW ဟာ ၂၀၂၀ ခု၊ မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ Economic Update: South East Asia မှာခန့်မှန်းထားပါတယ်။ ဒါပေမဲ့သင့်တင့်လျောက်ပတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမူဝါဒတွေနဲ့ဘဏ္ဍာရေးလှုပ်နှိုးမှုတွေကြောင့် တိုးတက်မှုအဟုန်ဟာ ၂၀၂၁ ခုနစ်မှာ ၅ ရာခိုင်နှုန်းထိ ပြန်လည်တိုးမြှင့်လာမယ်လို့ ဆက်လက်ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ Covid-19 ဗိုင်းရပ်စ်ရောဂါရိုက်ခတ်မှုဟာ အရှေ့တောင်အာရှမှာရှိတဲ့ခရီးသွားလုပ်ငန်းတွေနဲ့ အိမ်ထောင်စုအလိုက် ငွေကြေးသုံးစွဲမှုတွေကျဆင်းပြီး ကုန်စည်စီးဆင်းမှုတွေပြတ်တောက်ခြင်းကနေ သိသိသာသာ ထိခိုက်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံဟာလည်း တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်မှုတွေကျဆင်းပြီး များစွာထိခိုက်နေတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် မှီခိုမှုနည်းတဲ့အတွက်ကြောင့် ထိခိုက်မှုကိုထိန်းချုပ်နိုင်ဖွယ်ရှိပါတယ်။ […]
Posted On March 19, 2020, By CEO Editors

ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဟာ သင့်ကိုလှပတဲ့ ခန္ဓာကိုယ် ဖြစ်စေမှာပါ

ပရိုတင်းကိုအခြေခံတဲ့ အစားအစာတွေကို စားသုံးခြင်းကသင့်ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်လျော့ချနေစဉ်နဲ့ ခန္ဓာကိုယ်ကို တည်ဆောက်နေစဉ်မှာရောပေါ့။ ပရိုတင်းဟာ ကြွက်သားတွေကိုသန်မာစေတဲ့ သိပ်ကောင်းတဲ့ ဓာတ်တစ်မျိုးလည်းဖြစ်တယ်။ ပရိုတင်းဓာတ်ကြွယ်ဝတာတွေကို စားသုံးခြင်းက ခန္ဓာကိုယ်ရဲ့ကြွက်သားထုကို များစွာတည်ဆောက်ပေးပါတယ်။ ဒီအထဲမှာမှ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေအကြောင်းကို ပြောပေးမှာပါ။ ကြွက်သားနာကျင်မှုကိုလျော့ကျစေပြီး သင့်ကိုစွမ်းအင်တွေတိုးပေးမယ့် အကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ။ ၁။ မက်မွန်မက်မွန်တစ်ရာဂရမ်မှာ ပရိုတင်း ၂၁ ဂရမ် ပါဝင်ပါတယ်။ မက်မွန်တွေဟာ သဘာဝကိုယ်အလေးချိန်ကျပေးတဲ့အရာတွေပါ။ သင်ဘယ်နေရာသွားသွား လွယ်လွယ်ကူကူသယ်သွားလို့ရသလို ပရိုတင်းကို အပြည့်အဝရရှိတာမို့ပါပဲ။ အော်ဂင်နစ်ဖြစ်တဲ့ပိုးသတ်ဆေးမဖျန်းတာတွေကိုပဲ စားသုံးပေးသင့်ပါတယ်။ ၂။ ကြက်ဥအလတ်စားပမာဏလောက်ရှိတဲ့ ကြက်ဥဟာပရိုတင်းခြောက်ဂရမ်လောက်ပါဝင်ပါတယ်။ တစ်ရာဂရမ် ကြက်ဥတစ်လုံးမှာ ပရိုတင်း ၁၃ ဂရမ် ပါဝင်ပါတယ်။ ကြက်ဥစားသုံးခြင်းက လွယ်ကူ၊ ဈေးမကြီးဘဲနဲ့ ပရိုတင်းဓာတ်ကို အပြည့်အဝရရှိပါတယ်။ ဒါပေမဲ့ သင်ကြက်ဥဝယ်တဲ့အခါ သဘာဝနည်းနဲ့ရတဲ့ […]
Posted On March 19, 2020, By CEO Editors

ရေဓာတ်ဖြည့် အသီးအနှံ ၁၅ မျိုး

တစ်နေ့တာအတွင်း ရေဓာတ်ပြည့်ဝနေစေဖို့ ဒီအတိုင်းပဲ စားစား၊ သုပ်ပြီးပဲ စားစား၊ တခြားအစားအစာတွေနဲ့ပဲ တွဲပြီးစားစား၊ သရေစာလိုပဲ စားစား၊ ချက်ပြုတ်စားစား စားနိုင်မယ့် အစားအသောက် ၁၅ မျိုးနဲ့ သူတို့ရဲ့ ရေဓာတ်ပါဝင်မှုပမာဏကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သခွားသီးရေဓာတ်ပါဝင်မှုပမာဏ – ၉၆ ရာခိုင်နှုန်းSolid Food တွေထဲမှာတော့ ရေဓာတ်အများဆုံး အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ၂။ ဂေါဖီထုပ်အဖြူရေဓာတ်ပါဝင်မှုပမာဏ – ၉၅.၆ ရာခိုင်နှုန်းဖိုင်ဘာ၊ ဖောလိတ်၊ ဗီတာမင်ကေ စတဲ့ဓာတ်တွေကြွယ်ဝပြီး ရေဓာတ်လည်း အတော်များပါတယ်။ ၃။ တရုတ်နံနံကြီးရေဓာတ်ပါဝင်မှုပမာဏ – ၉၅.၄ ရာခိုင်နှုန်းဖောလိတ်၊ ဗီတာမင်အေ၊ စီ၊ ကေ တွေပါဝင်ပြီး ကယ်လိုရီအားဖြင့်လည်း တရုတ်နံနံကြီးတစ်ပင်ကိုမှ ၆ ကယ်လိုရီပဲ ပါပါတယ်။ ၄။ မုန်လာဥနီရေဓာတ်ပါဝင်မှုပမာဏ – ၉၅.၃ […]
Posted On February 26, 2020, By CEO Editors

အသက်အရွယ်မရွေးအတွက် အကောင်းဆုံးအားကစားတစ်မျိုးရေကူးခြင်း

ရေကူးခြင်းကအမြဲလိုပဲ ခန္ဓာကိုယ်ရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကျန်းမာစေမယ့် အားကစားတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရေကူးခြင်းကဘာလို့အမြဲတမ်းအကောင်းဆုံးအားကစားတစ်မျိုး ဖြစ်နေတာလဲဆိုတာ နဲ့ပတ်သက်လို့ အဓိကအချက် ၅ ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။ ၁ – စိတ်တည်ငြိမ်စေတယ်။ ရေနဲ့ထိတွေ့ခြင်းကဦးနှောက်ကိုအားကောင်းတဲ့ သက်ရောက်မှုရှိစေတယ်လို့ဆိုပါတယ်။ ရေထဲမှာအချိန်ကုန်ခြင်းကတရားထိုင်ခြင်းနဲ့နီးစပ်ပါတယ်။ ရေမကူးဘူးဆိုရင်တောင်မှ Floating Therapy လို လေ့ကျင့်ခန်းမျိုးကို ယူပြီးတော့ ခေတ်သစ်ကမ္ဘာရဲ့ တောင်းဆိုမှုအမျိုးမျိုးကြားကနေ အနားယူနိုင်ပါတယ်။ ၂ – ရေကူးခြင်းက ဘေးထွက်ဆိုးကျိုးနည်းတယ်။ အနှေးပြေးခြင်းနဲ့ အခြားသောကြွက်သားအားသုံးရခြင်း လေ့ကျင့်ခန်းများနဲ့မတူဘဲ ဒီရေကူးအားကစားဟာ အရိုးတွေ၊ အဆစ်တွေနဲ့ ကြွက်သားတွေအပေါ်ကို ဖိအားမရှိစေပါဘူး။ ဒီအချက်တွေကောင့် ဒီအားကစားက အရွယ်မရွေး၊ အသက်မရွယ်လူတိုင်းနဲ့သင့်တော်ပေမဲ့ အသက်ကြီးသူတွေနဲ့ အဆစ်ရောင်ရောဂါရှိသူတွေအတွက် ပိုပြီးတော့အားသာချက်ရှိစေပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို မထိခိုက်စေဘဲနဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်လို့ရစေတဲ့တစ်ခုတည်းသော အားကစားနည်း ဖြစ်ပါတယ်။ ၃ – သဘာဝတရားကြီးနဲ့ […]
Posted On February 26, 2020, By CEO Editors

လာမယ့်တစ်ပတ်တာအတွက် တနင်္ဂနွေနေ့မှာ ဘယ်လိုအားယူမလဲ

တနင်္ဂနွေနေ့ညနေရောက်ပြီဆိုရင် နောက်တစ်ပတ်ကိုရင်ဆိုင်ဖို့အတွက် စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ စနေနဲ့တနင်္ဂနွေနေ့ ပိတ်ရက်နှစ်ရက်ဟာသိပ်ကိုတိုတောင်းတယ်လို့ ခံစားရတတ်ပါတယ်။ ဒီမှာတော့တနင်္လာနေ့တွေကို ဘယ်လိုပျော်ရွှင်အောင်ဖြတ်သန်းကြမလဲဆိုတာကို ဖော်ပြချင်ပါတယ်။ ၁။ တနင်္ဂနွေနေ့တွေမှာ ကောင်းတဲ့အရာတွေကိုပဲ အာရုံထားပါ။ ညနေပိုင်းမှာ အားရပါးရရေချိုးပါ။ ညစာကို သင်ချစ်တဲ့ သူတွေနဲ့အတူစားပါ၊ ဒါမှမဟုတ် သူငယ်ချင်းဆီကိုဖုန်းဆက်ပါ။ သင်ဘာပဲလုပ်လုပ် စိတ်ချမ်းသာစရာရှိတာပဲလုပ်ပါ (စိတ်ဖိစီးမှုများမယ့်အရာတွေကို မေ့ထားပါ)။ ၂။ မိမိကိုယ်ကို အပြစ်တင်ခြင်းကို ရပ်တန့်လိုက်ပါ။ သင့်ရဲ့ တနင်္ဂနွေနေ့ကို ညဝတ်အင်္ကျီဝတ်ပြီး ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းပါ။ သင်လုပ်ကိုင်နေတာတွေ အရှိန်လျော့ချလိုက်ပြီး သင့်စိတ်ကို လွတ်လပ်ခွင့်ပေးထားလိုက်ပါ။ ဘဝဆိုတာရှည်ကြာသလိုပဲ အနိမ့်အမြင့် အတက်အကျတွေလည်း ရှိပါတယ်။ ၃။ သင့်ရဲ့ အလိုဆန္ဒတွေကို လျှော့ထားပါ။ သင့်ရဲ့ မိတ်ဆွေတွေနဲ့လည်း သင်အချိန်ကုန်ဆုံးချင် တယ်၊ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ချင်တယ်၊ အိမ်ကို လည်း သန့်ရှင်းနေချင်တယ်၊ အချစ်ရေးမှာလည်း […]
Posted On February 7, 2020, By CEO Editors

ခါးနာသက်သာစေမယ့် နည်းလမ်း ၈ မျိုး

၁။ လေ့ကျင့်ခန်းပြုလုပ်ပါ။ လေ့ကျင့်ခန်း မပျက်မကွက် နေ့စဉ်ပြုလုပ်ပါ။ ခါးနာတာသက်သာဖို့အတွက်ဆိုရင် အကြောလျော့တာနဲ့ခြေလက်တွေကို ဆန့်တန်းပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အဓိကသော့ချက်ပါပဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက လှုပ်ရှားမှုပေါ့ပါးလာစေတဲ့အပြင် အာရုံကြောတွေနဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါအပြင် နာကျင်မှုလျော့နည်းစေပြီး ကြွက်တက်တာမျိုးတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းပြုလုပ် ချိန်မှာတော့ ဖြည်းဖြည်းနဲ့ညင်သာစွာပြုလုပ်ပါ။ အလေးနဲ့ကစားတဲ့ လေ့ကျင့်ခန်းတွေက သင့်ရဲ့ကျောရိုးကို ထောက်ပံ့တဲ့ ကြွက်သားတွေကို သန်မာစေတာမို့ သိပ်ကိုအရေးကြီးပါတယ်။ ၂။ လမ်းလျောက်ပါ။ သင်ဖြည်းဖြည်းပဲ လမ်းလျောက်မယ်ဆိုရင်တောင် တစ်ရက်ကို အနည်းဆုံး မိနစ်နှစ်ဆယ်ခန့်လမ်းလျောက်ပါ။လမ်းလျောက်ခြင်းက ဖြည်းဖြည်းချင်းနဲ့ ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းဖြစ်သလို သင့်ရဲ့လှုပ်ရှားနိုင်စွမ်းတွေကို မြှင့်တင်ပေးပါလိမ့်မယ်။ ပုံမှန်လမ်းလျောက်ခြင်းက သင့်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် ကောင်းမွန်စွာလည်း အိပ်စက်နိုင်စေပါတယ်။ ၃။ ရေကူးပါ။ သင်ရေကူးဖို့ အဆင်သင့်တယ်ဆိုရင်တော့ တစ်ရက်ကို မိနစ် […]
Posted On February 3, 2020, By CEO Editors

ပိုမိုကျန်းမာတဲ့ နေ့စဉ်ဘဝရအောင် လုပ်ပေးမယ့် အလေ့အကျင့် ၅ မျိုး

၁။ အိပ်ရေးဝအောင်အိပ်ခြင်းကိုယ်ခန္ဓာအတွက် အနားယူကုစားပေးနိုင်တဲ့ အိပ်စက် အနားယူချိန်ကို အမြဲလိုဂရုစိုက်ပေးဖို့လိုပါတယ်။ အလုပ် များလို့ဖြစ်စေ၊ စိတ်ဖိစီးမှုကြောင့်ဖြစ်စေ အိပ်စက်အနားယူဖို့အနှောင့်အယှက်အမြဲလိုလို ဖြစ်နေတယ်ဆိုရင် ဆရာ ဝန်နဲ့ပြသတိုင်ပင်ပြီး ကုသမှုခံယူပါ။ အိပ်စက်အနားမယူ ခင် Gadget အမျိုးမျိုးရဲ့ ဖန်သားပြင်တွေကို မကြည့်၊ မသုံးပါနဲ့။ ၂။ ရေများများသောက်ခြင်းအများစုက ခန္ဓာကိုယ်ရဲ့ရေဓာတ်လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်လောက်တဲ့ရေပမာဏကို သောက်ဖို့ သတိ မထားမိတတ်ကြပါဘူး။ သတိထားပြီးရေသောက်ဖို့လိုပါ တယ်။ ဓာတ်မှမဟုတ်လည်း ရေဓာတ်များတဲ့အသီးအနှံ တွေကို အလွယ်တကူစားသောက်နိုင်ဖို့ စီစဉ်ထားပါ။ ၃။ အပြင်စာသိပ်မစားခြင်းကျန်းမာရေးရှု့ထောင့်ကကြည့်ရင် မသင့်တော်နိုင် မယ့်၊ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက် တွေအပြင်၊ အကြော်အမျိုးမျိုးနဲ့ အသင့်စား အစားအသောက်တွေကို တတ်နိုင်သမျ ရှောင်ပါ။ ၄။ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းခြင်းကိုယ့်အသက်အရွယ်နဲ့ အရပ်အမောင်းနဲ့ အလိုက်ရှိသင့် တဲ့ အလေးချိန်ပမာဏထက်မကျော်အောင် အမြဲဆင်ခြင် […]
Posted On February 3, 2020, By CEO Editors

မျက်လုံးကျန်းမာရေး ဂရုစိုက်ပေး

တစ်နေကုန်ကွန်ပျူတာကြည့်၊ စာတွေဖတ်ရတဲ့အခါ သင့်ရဲ့မျက်လုံးတွေနာကျင်ပြီး မျက်ကျောတင်းတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအတွက် ဂရုစိုက်ရမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ မျက်လုံးကို ခေတ္တအနားပေးပါ။ သင်လုပ်နေရတဲ့အလုပ်က အာရုံစူးစိုက်မှုများများ လို အပ်တယ်ဆိုရင်တော့ မိနစ် ၂၀ ကို တစ်ကြိမ်ခန့် အနား ယူပြီး အဝေးတစ်နေရာကို လှမ်းကြည့်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ – နံရံပေါ်က ရုပ်ပုံပန်းချီကားချပ်ကိုကြည့်တာမျိုး၊ ဒါမှမဟုတ် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်တာမျိုးကို အနည်းဆုံး စက္ကန့်၃၀ ခန့် ပြုလုပ်သင့်ပါတယ်။ သင့်မျက်လုံးတွေကို အမြင်အာရုံလွှဲပေးလိုက်တာက မျက်လုံးတွေကို အနားပေး လိုက်တာပဲဖြစ်ပါတယ်။ ၂။ မျက်လုံးကို ဂရုစိုက်ပါ။ သင့်လက်တွေကို အသုံးပြုပြီး မျက်လုံးကို ခပ်ဖွဖွလေး ပွတ်ပေးပါ။ နောက် သင့်လက်ဖမိုးကို ပိတ်ထားတဲ့ သင့်မျက်လုံးပေါ်ကို စက္ကန့်အနည်းငယ်မျ ဖိထားပေးပါ။ လက်သုတ်ပဝါရှိမယ်ဆိုရင်လည်း […]
Posted On January 17, 2020, By CEO Editors

ကျစ်လျစ်တဲ့ခန္ဓာကိုယ်ရှိခြင်းက ဒေါ်လာသန်းပေါင်းများစွာ ကြွယ်ဝသူတို့ရဲ့ လျှို့ဝှက်ချက်တစ်ခု

သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာဖို့ လေ့လာချင်ပါသလား။ ကျစ်လျစ်ကျန်းမာအောင်နေထိုင်ပြီး အောင်မြင်အောင်လုပ်ဆောင်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ပါတယ်။ အောင်မြင်တဲ့အမျိုးသားတွေဟာ အလုပ်တွေများစွာကြားထဲမှာ လေ့ကျင့်ခန်းပြုလုပ်တဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။ ၁။ Strauss Zelnick Strauss Zelnick ဟာ မနက် ၆ နာရီလောက်ဆို နေ့တစ်နေ့အတွက် ဘာတွေလုပ်ရမယ်ဆိုတာတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူ့မှာလုပ်စရာတွေ များပြားစွာရှိနေမှာပါ။ လုပ်ငန်းအစည်းအဝေးထိုင်ရတာမျိုးတွေ၊ Jet စီးပြီး ခရီးသွားရတာမျိုးတွေ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်ပြီး တီထွင်ကြံဆဆုံးဖြတ်ချက်အသစ်တွေချရတာမျိုးတွေ၊ ဒါမှမဟုတ် သူ့ရဲ့မိသားစုငယ်လေးနဲ့ တွေ့ဆုံရတာမျိုးတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ Zelnick ဟာ လေ့ကျင့်ခန်းလုပ်ဖို့တော့ လုံးဝကိုမပျက်မကွက်ဘဲ ပြုလုပ်ပါတယ်။ တချို့ရက်တွေမှာ အပြေးလေ့ကျင့်ပါတယ်။ တချို့ရက်တွေမှာ အလေးမတာမျိုးတွေ ပြုလုပ်ပါတယ်။ နေ့ရက်အလိုက် အခြေအနေအပေါ်မူတည်ပါတယ်လို့ Zelnick က ပြောပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လှုပ်ရှားနေဖို့ပါပဲလို့ဆိုပါတယ်။ လှုပ်ရှားနေရခြင်းကတော့ Zelnick အတွက် ဘယ်တော့မှပြဿနာဖြစ်လာမှာ […]
Posted On January 10, 2020, By CEO Editors