ဆယ်ကျော်သက်ကျောင်းသားတစ်ယောက် တည်ထောင်တဲ့ Website Covid-19 နဲ့ပတ်သက်တဲ့ သတင်းအရင်းအမြစ် (Resource) တစ်ခုဖြစ်လာ

အသက် ၁၇ နှစ် ကျောင်းသားတစ်ယောက် တည်ထောင် ထားတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဟာ Covid-19 နဲ့ပတ်သက်ပြီး Internet ပေါ်မှာ လတ်တလော လူကြည့်များတဲ့ Website တစ်ခုဖြစ်လာပြီး သတင်းမီဒီယာတွေအတွက် အရေးပါတဲ့ သတင်းအရင်းအမြစ် Site တစ်ခုဖြစ်နေပါတယ်။

ဝါရှင်တန်၊ စီတယ်လ်မြို့မှာ နေထိုင်တဲ့ Avi Schiffmann ဆိုသူဟာ အသက် ၁၇ နှစ်သာ ရှိသေးပြီး အထက်တန်းတက်ရောက်နေသူတစ်ယောက်ပါ။ သူဟာ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန် ဒီဇင်ဘာလက CoV2019.live ဆိုတဲ့ Website ကို တည်ထောင်ပြီး Coronavirus နဲ့ပတ်သက်တဲ့ ကူးစက်ခံရသူအရေအတွက်၊ လူသေဆုံးမှု၊ ရောဂါပြန့်ပွားတဲ့နိုင်ငံတွေနဲ့ မြေပုံတွေကို သူ့ရဲ့ Site မှာ မိနစ်တိုင်း Up-to-Date အမြဲတင်ပေးနေတာဖြစ်ပါတယ်။

Corona Virus နိုင်ငံတကာကို မပြန့်ပွားမီ ဝူဟန်မြို့ထဲမှာ စတင်ဖြစ်ပွားတဲ့ဒီဇင်ဘာလကတည်းက Avi Schiffmann ဟာ Virus ကို သတိထားမိပြီး လိုအပ်တဲ့ သတင်းတွေ လိုက်ရှာဖွေတဲ့အခါမှာတော့ သတင်းမှား တွေသာ တွေ့ရပါတယ်။ အဲဒါနဲ့ သူဟာ Internet နဲ့ Youtube တွေပေါ်က သူကိုင်တိုင် လေ့လာထားတဲ့ Code ရေးနည်းတွေကို အသုံးပြုပြီး https://ncov2019.live/ ဆိုတဲ့ Website ကို ကျောင်းတက်ရင်းနဲ့ ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကူးစက်ရောဂါပြန့်ပွားမှု Case က တစ်ထောင် တောင် မပြည့်သေးပါဘူး။ သူဟာ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေထဲက ကျန်းမာရေးနဲ့ဆိုင်တဲ့ အစိုးရ Website တွေမှာ လိုအပ်တဲ့သတင်း၊ ကိန်းဂဏန်းတွေကို ရယူပြီး သူ့ရဲ့ Website မှာ ပြန်တင်ပေးပါတယ်။ သူဟာ ဝင် ရောက်ကြည့်ရှုသူတွေ လွယ်လင့်တကူကြည့်နိုင်အောင် နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့အလိုက် စသဖြင့် ခွဲထားပြီး စာရင်း၊ ဇယားတွေနဲ့ မြေပုံတွေကို လုပ်ထားပေး ပါတယ်။ ဒါအပြင် သတင်းရှင်းရှင်းလင်းလင်းဖတ်နိုင် ဖို့အတွက် Website မှာ ကြော်ငြာတွေ လက်မခံပါဘူး။

Avi Schiffmann ရဲ့ Website ကို ဝင်ရောက် ကြည့်ရှုသူ ၃၅ သန်းရှိပြီး တစ်ရက်အတွင်း ဝင်ရောက် ကြည့်ရှုသူအရေအတွက်ကတော့ ၆.၅ သန်း ရှိပါတယ်။ အများဆုံးက အမေရိကန်ကဖြစ်ပြီး ၆၀ ရာခိုင်နှုန်းရှိကာ ထိုင်ဝမ်၊ United Kingdom နဲ့ ပြင်သစ်ကနေ ကြည့်ရှုတဲ့ သူတွေ များပါတယ်။ နောက်ပိုင်းမှာ Website ကို တခြား ဘာသာစကားတွေနဲ့ ဖတ်နိုင်အောင်လုပ်ပေးဖို့ ရည်ရွယ် ထားပြီး ယခုလို တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကူး စက်ပြန့်ပွားမှုတွေနဲ့ ကြုံလာတဲ့အခါမှာ အကူအညီပေး နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။

ယခုအချိန်မှာတော့ သူတက်ရောက်နေတဲ့ အထက်တန်းကျောင်းက ပိတ်ထားရပြီး သူ့အတွက် Website ကနေတစ်ဆင့် လူတွေကို အကူအညီပေးနိုင်ဖို့ အချိန်အများကြီး ရရှိလို့နေပါပြီ။ Website ရဲ့ Mail ကို စစ်ဖို့အတွက် သူ့ရဲ့သူငယ်ချင်းကျောင်းသားတစ်ယောက် ကလည်း အကူအညီပေးနေပါတယ်။