Intermach Myanmar ၊Subcon Myanmar ၊Myanmar Water ၂၀၁၃ ပြပွဲ ဖွင့်ပွဲအခမ်းအနား

DSC01583 copy မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အကြီးမားဆုံးနိုင်ငံတကာ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများ ကိုယ်စားလှယ်ရယူမှုနဲ့ မြန်မာရေသယံဇာတ ၂၀၁၃ ခုနှစ် ပြပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြပွဲကို UBM Asia (Thailand) Co Ltd ကနေ ကြီးမှူးပြီး မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) ရဲ့ ပံ့ပိုးကူညီမှုနဲ့ အောက်တိုဘာလ ၂၄ ရက်ကနေ ၂၆ ရက်အထိ ကျင်းပခဲ့ပါတယ်။ ထိုင်း၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူစတဲ့ နိုင်ငံပေါင်းစုံက ပါဝင်ပြသသူ ၁၄၀ ဦးရှိပြီး အင်တာမက်မြန်မာမှာ စက်ပစ္စည်း ကိရိယာနဲ့၊ စက်ပစ္စည်းအစိတ်အပိုင်းအမျိုးပေါင်း ငါးရာကျော်နဲ့ ရေဆိုးဆိုင်ရာနည်းပညာရဲ့ နောက်ဆုံးပေါ်ပစ္စည်းကိရိယာတွေကို ပါဝင်ပြသခဲ့ပါ တယ်။ ပြပွဲနဲ့ပတ်သက် ပြီး UBM Asia ရဲ့ Managing Director Mr M Gandhi က ''အခုလို အင်တာမက်မြန်မာနဲ့ မြန်မာရေသယံဇာတ တို့ကို ပူးတွဲကျင်းပရတာဟာ စက်မှုဖွံ့ဖြိုးအောင် ဆောင် ရွက်နေစဉ်မှာ ပတ်ဝန်းကျင်နဲ့ ရေသယံဇာတတို့ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးတဲ့အချက်ကို မီးမောင်းထိုးပြဖို့အတွက်ဖြစ်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။