ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သော ထူးချွန်ဆရာ ဗဟိုအဆင့်ချီးမြှင့်ပွဲ

  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ ထူးချွန်ဆရာ ဗဟိုအဆင့် ချီးမြှင့်ပွဲမှာ ထူးချွန်ဆရာဆုရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီ ဥက္ကဌ ဆရာဦးသန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။ ပွဲမှာ တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဌ၊ ထူးချွန်ဆရာဆုအလှူရှင် ဦးကိုကိုထွေးကလည်း ဝမ်းသာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထူးချွန်ဆရာဆုရှိသူများကို ချီးမြှင့်ခဲ့ပြီး ထူးချွန်ဆရာဆု အကဲဖြတ်ပညာရှင်ဆရာတွေကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါတယ်။ အထက်တန်းပြဆရာထူးချွန်ဆု ပထမဆုကို ဒေါ်မေမေစိန် အထက (၁) ထားဝယ်၊ တနင်္သာရီတိုင်း ၊ ဒုတိယဆုကို ဒေါ်မြတ်မွန် အထက (၁) ၊ ဘိုကလေး၊ ဧရာဝတီတိုင်း ၊ တတိယဆုကို ဒေါ်နန်းအေးအေးမိုး အထက (၁) လွိုင်ကော်၊ ကယားပြည်နယ် တို့မှ လည်းကောင်း၊ အလယ်တန်းပြ ဆရာထူးချွန်ဆု ပထမဆုကို ဒေါ်မြကြွယ်၊ အမက (၂) ချမ်းအေးသာဇံ၊ မန္တလေးတိုင်း၊ ဒုတိယဆုကို ဒေါ် တင်နီလာအေး အထက(ခွဲ) မာခရော်ရှေ့ ဖရူးဆို၊ ကယားပြည်နယ်၊ တတိယဆုကို ဒေါ်နွယ်နွယ်လွင် အထက(၁)၊ နမ့်ဆန် ရှမ်း(မြောက်) တို့မှလည်းကောင်း၊ မူလတန်းပြဆရာထူးချွန်ဆု ပထမဆုကို ဒေါ်အေးအေးမော် အလက(ခွဲ) သိင်္ဂါ၊ မကွေးတိုင်း၊ ဒေါ်ကျော့ကျော့နှောင်း မူလွန်-ပီတူး၊ ရေတာရှည် ၊ ပဲခူး(ရှေ့) ၊ တတိယဆုကို ဦးညွန့်ဝင်း အလက (ခွဲ) ပန်းညို၊ မြောင်၊ စစ်ကိုင်းတိုင်းတို့ကလည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။ image-4907494b30588196ad4f7d9b7e28dd9f43b49b163b569c004b01d1ccb6f70ecd-V image-155f54e5aa9f9ffc6c5c79cd46d66ddd6810583843acbbf81e4bd9570c93525b-V image-5e005b81a5e2630d0a7545298bfa7e03e10ecd1a26bbe563bbc8b8a8eb9ab034-V image-d141765cc220a81f9d92d51d7c8308ed2aa9fc95e82bc3c22cee25006c5e660c-V