
Elon Musk ၏ ညွှန်းဆိုစကား
ကိုယ့်ဘဝမှာ ဘီလီယံနာတစ်ယောက်ဖြစ်ခဲ့ရင်လို့ စိတ်ကူး ယဉ်လိုက်ပြီဆိုရင်လူအများစုဟာ သူတို့မှာရှိလာမယ့်ငွေတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတွေ၊ အပြတ်သားနားတဲ့မော် တော်ကားကြီးတွေ၊ အပျော်စီးသင်္ဘောကြီးတွေဝယ်ဖို့ကိုပဲ စဉ်းစားကြပါတယ်။ Elon Musk ကတော့ သူများတွေနဲ့ မတူပါဘူး။ ဒေါ်လာသန်းဂဏန်းကို ပထမဆုံးရပြီးနောက်ပိုင်း ၁၄ နှစ် ကြာတဲ့ အချိန်မှာပဲ Elon Musk ဟာ ဒီနေ့သက်ရှိထင်ရှား ရှိနေတဲ့ သြဇာအကြီးမားဆုံးစီး ပွားရေးလုပ် ငန်းရှင်ကြီး တွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ သူပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အရေအတွက်ဟာ သာမန်လူတွေ ဝါသနာအရလုပ်ကြတဲ့ အလုပ်အရေအတွက်ထက် ပိုများနေပါ ပြီ။ သူရှာဖွေထားတဲ့ ချမ်းသာကြွယ်ဝမှုကို အပန်းဖြေနားနေ ဖို့သုံးစွဲပစ်မယ့်အစား သူလုပ်ဖို့ဆန္ဒပြင်းပြတဲ့ လုပ်ငန်းစီမံ ကိန်းတွေကို ကမ္ဘာကြီးကိုပြောင်းလဲပစ်မယ့် ကုမ္ပဏီတွေဖြစ် လာအောင် ပြောင်းလဲပေးတဲ့နေရာမှာ အဲဒီငွေတွေကို ပိုပြီး သုံးချင်တယ်ဆိုတာကို Musk က အကြိမ်ကြိမ်ပြခဲ့ပါတယ်။Elon Muskကို လူအများက သိကြပုံ
အင်တာနက်ကွန်ရက်ပေါ်က စားသုံးသူတွေအတွက် ငွေလွှဲ လုပ်ငန်းတစ်ခုဖြစ်တဲ့ PayPal ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး၊ အာကာသထဲကို ဒုံးပျံတစ်စင်းလွှတ်တင် ခဲ့တဲ့ ပထမဆုံးပုဂ္ဂလိကကုမ္ပဏီ SpaceX ကို၊ ဒါမှမဟုတ် အာကာသစူးစမ်းလေ့လာရေး နည်းပညာတွေကိုတည်ထောင် တဲ့အပြင်၊ လျပ်စစ်မော်တော်ကားတွေကို တည်ဆောက်နေ တဲ့ Tesla Motors ကုမ္ပဏီကိုု တည်ထောင်ခဲ့တဲ့အတွက်ကြောင့် Elon Musk ကို လူသိအများဆုံးဖြစ်ခဲ့ပါတယ်။
နောက်ကြောင်းသမိုင်းနှင့်ပညာရေး
Elon Musk ကို ၁၉၇၁ ခုနှစ်က တောင်အာဖရိကနိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်က အင်ဂျင်နီယာတစ်ယောက် ဖြစ်ပြီး မိခင်က အာဟာရဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Musk ဟာ ကွန်ပျူတာကို သဲသဲမဲမဲဝါသနာပါတဲ့ အတွက် အသက် ၁၂ နှစ်အရွယ်မှာ အာကာသဂိမ်းတစ်ခု ဖြစ်တဲ့ Blaster လို့ခေါ်တဲ့ သူ့ရဲ့ ကိုယ်ပိုင်ဗီဒီယိုဂိမ်းအ တွက် ဃသိန ကို သူ့ဘာသာရေးခဲ့ပြီး အဲဒီ ၁၂ နှစ်သား ကလေးက အဲဒီဂိမ်းကို အမြတ်နဲ့ရောင်းစားခဲ့ပါတယ်။ Elon Musk ဟာ ကနေဒါနိုင်ငံ၊ Ontario ပြည် နယ် Kingston မြို့က Queen’s University မှာ တက်ခဲ့ ပြီး အဲဒီကတစ်ဆင့် Pennsylvania တက္ကသိုလ်ကိုပြောင်းရွှေ့ ခဲ့ပြီး အဲဒီတက္ကသိုလ်က စီးပွားရေးဘွဲ့နဲ့ ရူပဗေဒဘွဲ့ဆိုတဲ့ ဘွဲ့နှစ်ခုကို ရခဲ့ပါတယ်။ သူဟာ စွမ်းအင်ရူပဗေဒဘာသာနဲ့ Ph.D ယူဖို့ ကယ်လီဖိုးနီးယားပြည်နယ်က Stanford တက္ကသိုလ်ကို ထပ်တက်ခဲ့ပေမဲ့ အဲဒီမှာပဲ သူ့ရဲ့ဘဝမှာအကြီး အကျယ်ပြောင်း လဲဖို့ဖြစ်လာခဲ့ပါတယ်။ [caption id="attachment_14789" align="alignnone" width="720"]






ဇော်ဝင်းကြူ (ပျဉ်းမနား)