YAMAGOYA RAMEN Japan Food
ဆိုင်တည်နေရာ
အမှတ် ၅၂၀၊ ဥယျာဉ်လမ်း၊ ဆရာစံအောက်ဘလောက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၃၃၂၅၇၃၆ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်
မနက် ၁၁ နာရီကနေ ည ၉ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်
ဂျပန်အစားအစာစစ်စစ်ကို ဂျပန်ကနေ မြန်မာနိုင်ငံကို တိုက်ရိုက်တင်သွင်းပြီး ရောင်းချပေးချင်တဲ့အတွက် ဒီဆိုင်ကို ဖွင့်တာဖြစ်တယ်လို့ သိရပါတယ်။
ရရှိနိုင်တဲ့ Menu များ
ခေါက်ဆွဲပြုတ် ၂၅ မျိုးနဲ့ Yamagoya Ramen ၊ Char Siu Ramen ၊Black Garlic Ramen ၊Spicy Tobanjan Ramen ၊ Gyoza ၊Fried Chicken ၊Fried Rice ၊ Beverages စတာတွေကို ရရှိနိုင်ပါတယ်။
ဈေးနှုန်း
ဈေးနှုန်းတွေကတော့ ၅,၅၀၀ ကျပ် ကနေ ၇,၆၀၀ ကျပ် အထိရှိပါတယ်။ ကြက်ကြော်ဆိုရင်တော့ ကျပ် သုံးထောင် ၀န်းကျင်ရှိပါတယ်။
ထူးခြားမှု
ထူးခြားတဲ့ Menu အနေနဲ့ ၀က်ပြုတ်ရည်က ၀က်ရဲ့အသားကို နူးနေအောင် ပြုတ်ထားတာဖြစ်ပြီး ဂျပန်ကနေတိုက်ရိုက် တင်သွင်းတာ ဖြစ်ပါတယ်။ ၀န်ဆောင်မှုကိုလည်း Customer တွေရဲ့စိတ်တိုင်းကျ လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။
အနာဂတ်ရည်မှန်းချက်
မန္တလေးနဲ့နေပြည်တော်မှာ ဆိုင်ခွဲတွေတိုးချဲ့ပြီး ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။