Vivo ရဲ့ နောက်ဆုံးပေါ် Vivo V20 စမတ်ဖုန်းသစ် စတင်မိတ်ဆက်

Vivo V-Series တွေရဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ V20 စမတ်ဖုန်းသစ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်က မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။Vivo V20 ဖုန်းသစ်ဟာဆိုရင်Vivo ရဲ့ နောက်ဆုံးပေါ် ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ နောက်ဆုံးပေါ် နည်းပညာ အသစ်တွေ အများကြီးကို ထည့်သွင်းပေးထားပါတယ်။

Auto Focus နည်းပညာ၊ ပါးလွှာပေါ့ပါးပြီး သေသပ်လှပ တဲ့ဒီဇိုင်း၊ စွမ်းဆောင်ရည်မြှင့် ကင်မရာလုပ်ဆောင်ချက် များ၊ အဆင့်မြင့် Multi-turbo နည်းပညာများအပြင် တခြား ကောင်းမွန်တဲ့အတွေ့အကြုံကိုရရှိနိုင်မယ့် ဖုန်း တစ်လုံး ဖြစ်ပါတယ်။ 8GB RAM၊ 128GB ROM ပါဝင်လာမှာဖြစ်ပြီး Qualcomm Snapdragon 720G Processor ကြောင့် ဂိမ်းဆော့ခြင်းအပြင် ဖုန်းအသုံးပြု ခြင်းတွေမှာ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။ ဒါအပြင် ဖုန်းကိုင်တွယ်ရာမှာ အဆင်ပြေစေဖို့ နောက်ကျော ဘက်မှာ AG Glass Technology ကိုထည့်သွင်းပေးထား တဲ့အတွက် ခြစ်ရာ စင်းရာထင်ခြင်းများကိုကောင်းစွာ ကာကွယ်ပေးနိုင်မယ့် အကြမ်းခံစမတ်ဖုန်းတစ်လုံးဖြစ် ပါတယ်။ ရှေ့ဘက်မှာ 44MP Eye Autofocus Selfie ကင်မရာနဲ့ 64MP နောက်ကင်မရာကိုတပ်ဆင်ပေးထားပြီး Tripod Night Mode အသစ်ကြောင့် ညဘက်မှာ ပုံကောင်း များကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

အရောင်အားဖြင့် Sunset Melody နဲ့ Midnight Jazz နှစ်မျိုးရနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ၄၉၉,၈၀ဝ ကျပ်ဖြစ်ပါတယ်။ Vivo V20 ဖုန်းသစ်ကို မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၅ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်မှ စတင် Pre-Order တင်ကာ လက်ဆောင်ပစ္စည်းများကို ရယူနိုင်မှာ ဖြစ်ပါတယ်။